တရုတ်နိုင်ငံမှ နှစ်စဉ်ဝယ်လိုအား မြင့်တက်နေခြင်းကြောင့်မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးမှုတိုးမြှင့်နိုင်ရန်အစိုးရကတွန်းအားပေးသင့်သည်ဟုပို့ကုန်လုပ်ငန်းရှင်အချို့ က ပြောပါတယ်။ တရုတ်နိုင်ငံတွင် တိရစ္ဆာန် အစားအစာနှင့် စက်မှုထုတ်ကုန် များအတွက် ပြီးခဲ့သည့်နှစ်က
ပြောင်းဖူးစေ့ တန်ချိန်သန်း ၂၂၀ ခန့်သုံးစွဲခဲ့ပြီး အမေရိကန်နိုင်ငံအ ပါအဝင် ပြည်ပမှ ပြောင်းဖူးစေ့ တန်ချိန် ၁၀ သန်းကျော်တင်သွင်း ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ တရုတ်ကုန်သည်များသည် ပြီးခဲ့သည့်ဘဏ္ဍနှစ်က မြန်မာနိုင်ငံ မှ စိုက်ပျိုးထုတ်လုပ်သောပြောင်းဖူးစေ့တန်ချိန်၁ ဒသမ ၄၃ သန်းကို နယ်စပ်မှတစ်ဆင့် ဝယ်ယူတင်သွင်းခဲ့သည်။
မြန်မာနိုင်ငံမှ ဝယ်ယူသည့် ပြောင်းဖူးစေ့များသည် ယူနန်ပြည်နယ်တွင် အသုံးပြုရန်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြောင်းဖူး စေ့လိုအပ်ချက်သည် နှစ်စဉ်ပျမ်း မျှ ၁၀ရာခိုင်နှုန်းခန့် မြင့်တက်နေ ခြင်းကြောင့် မြန်မာနိုင်ငံက တိုး မြှင့် ထုတ်လုပ်နိုင်မည် ဆိုပါက အကျိုးအမြတ်များစွာရှိနိုင်သည် ဟု ကုန်သည်အချို့က ပြော သည်။
လက်ရှိတရုတ်နှင့် အမေ ရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေး တင်းမာမှုကလည်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးသူများအတွက်အခွင့်အလမ်းကောင်းရနိုင်သည်ဟု ၎င်းတို့ကဆိုသည်။
ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ဒေသအများစု၌ စိုက်ပျိုးထုတ်လုပ်သော ပြောင်း စုစုပေါင်း၏၉၈ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ သည်ဟု ကုန်သည်များက ပြော သည်။
ပြောင်းစိုက်ပျိုးရာတွင် မျိုးစေ့လွယ်ကူစွာရရှိနိုင်ပြီး သွင်း အားစု သုံးစွဲရမည့် ပမာဏလျော့ နည်းခြင်းကလည်း တောင်သူ လယ်သမားများအတွက် အား သာချက်ဖြစ်သည်ဟုဆိုသည်။
တရုတ်မှ ပြောင်းဖူူးစေ့ဝယ် ယူမှုသည် လက်ရှိအချိန်တွင် ပုံ မှန်အခြေအနေရှိနေပြီး ပြောင်းဖူးစေ့တစ်အိတ်၏ဈေးနှုန်းသည် ၁၀၅ ယွမ်မှ ၁၀၆ ယွမ် (ကျပ် ၂၂,၂၀၀) ကျော်အတွင်းဈေးဖွင့် ေကြာင်း မူဆယ်မြို့ရှိ ကုန်သည် အချို့က ဆိုသည်။
လက်ရှိ မြန်မာ၊ တရုတ် နယ်စပ်တွင် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၂၁၀ ကျပ်ဈေးဖွင့်သည်။
7 days new