စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက်များအား ထည့်သွင်းစဉ်းစားပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကနေ အောက်တိုဘာ ၆ ရက်မှာ ပန်ကြားလွှာ တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
COVID-19 ကာလတွင် စက်ရုံအလုပ်ရုံများပိတ်သိမ်းထားရခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် အလုပ်သမားများမှာ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ငွေကြေးလိုအပ်ချက်မျာဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အနေနနှင့် အလုပ်သမားများ ၏ လတ်တလော စားသောက်နေထိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန်နှင့် အလုပ်သမားများ၏လုပ်ခလစာထုတ်ယူနိုင်ရေးအတွက် တိကျသည့် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ပေးရန် အဆိုပါ ပန်ကြားလွှာမှာထည့်သွင်းဖော်ပြထားပါတယ်။
source- CTUM