၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်
ကြာသပတေးနေ့ ရွှေဈေးငွေဈေး
ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည်
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး ကျပ် 2190~2200 ဝန်းကျင်ဖြစ်သည်။
ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 1850 (± 3)ဖြစ်ပါသည်။
အခြားငွေကြေး ငွေလဲနှုန်းများမှာ
စင်ကာပူ ဒေါ်လာ 1555 ကျပ်
ယူရို ဒေါ်လာ 2235 ကျပ်
ဩစတေးလျ ဒေါ်လာ 1510 ကျပ်
ဂျပန် ယန်း 16 ကျပ်
မလေးရှား ရင်းဂစ် 485 ကျပ်
ထိုင်း ဘတ် 61.4 ကျပ်
တရုတ် ယွမ် 325 ကျပ်
ဝန်းကျင် ဖြစ်ပါသည်။
အပြည့်အစုံ ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ
ငွေလဲနှုန်းမှာ ယူရိုက ကန်ဒေါ်လာအောက် $0.9998 အထိ ဖြစ်တောင့်ဖြစ်ခဲ ကျဆင်း
Myanmar Industries Guide
Telegram Channel
https://t.me/Guid4U
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း (YGEA) က မနက်ပိုင်း ၁၀:၀၀ နာရီတွင် ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးမှာ 2,050,000 ဖြစ်ပြီး နေ့လယ်ပိုင်း ၁၂:၂၀ နာရီတွင် ထုတ်ပြန်သည့် ဈေးနှုန်းမှာလည်း 2,050,000 ဖြစ်ပါသည်။ မွန်းလွဲပိုင်း ၀၂:၃၀ နာရီတွင် ထုတ်ပြန်သည့် အပိတ်ဈေးမှာ 2,059,000 ဖြစ်ပါသည်။
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေးနှုန်းမှာ
မနက် 2,059,000
နေ့လယ် 2,060,000
ညနေ 2,059,000
ဝန်းကျင်ဖြစ်ပါသည်။
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,940,000 ဝန်းကျင်ဖြစ်ပါသည်။
ထုတ်လုပ်မှုစရိတ်မြင့်၍ ရွှေဈေးအမြင့်ပိုင်းတွင် ဆက်ရှိ
ဒီဇယ်ဆီဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းတွေမှာ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်နေတာကြောင့် ရွှေဈေးနှုန်းက အမြင့်ပိုင်းမှာ ဆက်ရှိနေတယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက
သိရပါတယ်။
တနိုင်း ၊ချီဖွေစတဲ့ ရွှေတူးသတ္တု တူးဖော်ရေးနေရာတွေမှာ အရင်က ရွှေတစ်ကျပ်သားကို ကျပ်၁၃သိန်း ဝန်းကျင်လောက်သာ ရှိရာကနေ ခုချိန်မှာ တစ်ကျပ်သားကို ကျပ် ၁၉သိန်းထိ ပေါက်ဈေးရှိ လာနေပါတယ်။ ရွှေတူးဖော်တဲ့ ဒေသတွေကနေ ရန်ကုန်အထိက သယ်ယူပို့ဆောင်စရိတ်တွေကလည်း အရင်ထက် ကြီးမြင့်လာတာ ကြောင့် ကမ္ဘာ့ရွှေဈေးပြန်ကျနေပေမယ့်လည်း ပြည်တွင်းအခေါက်ရွှေဈေးက အမြင့်ပိုင်းမှာသာ ဆက်ရှိနေသေးတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမျိုးမြင့်ကပြောပါတယ်။
အရင်က ဒီဇယ်တစ်ပေပါကို ကျပ် သုံးသိန်း ဝန်းကျင်သာရှိရာကနေ လက်ရှိမှာ တစ်ပေပါကို ကျပ် ခုနှစ်သိန်းထိ ရှိလာသလို ထုတ်လုပ်မှုမြင့်တက်တဲ့အတွက် ကြေးနီစတဲ့ သတ္တုအားလုံးရဲ့ ထုတ်လုပ်မှုစရိတ်တွေပါ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ မိုးကာလဖြစ်လို့ လက်ရှိ ရန်ကုန်ရွှေဈေးကွက်ထဲမှာ တွင်းထွက်ရွှေကုန်ကြမ်း အဝင်နည်းနေပေမယ့်လည်း ရွှေဈေး အမြင့်တန်းမှာရှိနေလို့ ပြန်ရောင်းတဲ့သူများတာကြောင့် ရွှေကုန်ကြမ်း ပြတ်လပ်မှာကိုတော့ စိုးရိမ်စရာမရှိသေးပါဘူး။
ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက တစ်ကျပ်သားကို ကျပ်သိန်း နှစ်ဆယ် ငါးသောင်း ရှစ်ထောင်နဲ့ ဈေးကွက်ပိတ်ခဲ့တဲ့ အကယ်ဒမီမီးလင်း အခေါက်ရွှေဈေးဟာ ဒီနေ့ ဇူလိုင် ၁၃ရက်မနက် ၁၀နာရီမှာ တစ်ကျပ်သားကို ကျပ် သိန်း နှစ်ဆယ် လေးသောင်း နှစ်ထောင်နဲ့ ဈေးကွက်ဖွင့်ခဲ့တာကြောင့် ဇူလိုင် ၁၁ရက်နေ့ အပိတ်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ကျပ်သားကို ကျပ် တစ်သောင်း ခြောက်ထောင် ဈေးနှုန်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။
#Bloombergmyanmar
ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,716 ဝန်းကျင်ရှိပါသည်။
Myanmar Industries Guide
Telegram Channel
https://t.me/Guid4U