ရခိုင်ပြည်နယ်အတွင်း လက်ရှိ စင်ကာပူက အများဆုံးလာရောက်ရင်းနှီးမြုပ်နှံထား


25 February, 2019

ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုုပ်နှံရန် အဓိကဆောင်ရွက်လျက်ရှိသည့် စင်ကာပူ၊ ကိုရီးယား၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အနက် လက်ရှိတွင် စင်ကာပူက အများဆုံးလာရောက်ရင်းနှီးမြှုုပ်နှံထားကြောင်း သိရပါတယ်။

“ နိုင်ငံအလိုက် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းတွေ အတွက်ကတော့ စင်ကာပူနိုင်ငံကနေ အများဆုံးလာရောက်ပြီးတော့ ရင်းနှီးမြှုုပ်နှံထားတာတွေ့ရပါတယ် ” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားပါတယ်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ထားသည့် ရင်းနှီးမြှုုပ်နှံမှုကဏ္ဍများကို နှိုင်းယှဉ်ပါက စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုုပ်နှံမှု အများဆုံးဝင်ရောက်ထားပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင်မူ မြန်မာနိုင်ငံသားရင်းနှီးမြှုုပ်နှံမှုဖြင့် အများဆုံးဝင်ရောက်ထားကြောင်း ၎င်းကဆက်လက်ပြောကြားပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ တစ်လအတွင်း ရခိုင်ပြည်နယ်တွင် တန်ဖိုးကျပ် ၁၄ ဒသမ ၂၂၃ ဘီလျံကျော်ရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းငါးခု ခွင့်ပြုထားပြီး ယင်းလုပ်ငန်းများမှ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ၅၉ဝ နီးပါး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် အထူးစီးပွားရေးဇုန်များသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုတို့အတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး ရခိုင်ဒေသရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုကွင်းဆက်များ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြုပ်နှံနေသည့်နိုင်ငံများထဲမှ စင်ကာပူက ဒေါ်လာဘီလျံ ၂၀ ကျော်ဖြင့် ထိပ်ဆုံးကရပ်တည်နေပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

Weekly Eleven

Investment/Divestment Read 445 times