Daewoo စီးတီးဘတ်စ်နှင့် မီနီဘတ်စ်များ မတ်လကုန်တွင် ရန်ကုန်၌ စတင်ထုတ်လုပ်


01 March, 2019

မတ်လအကုန်မှာ ကိုရီးယားနာမည်ကျော် Daewoo အမှတ်တံဆိပ် စီးတီးဘတ်စ်များနဲ့ မီနီဘတ်စ်များကို ရန်ကုန်မြို့မှာ စတင်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ထုတ်လုပ်သွားမယ့် City Bus မော်ဒယ်လ်မှာ BS 106 ဖြစ်ပြီး အခြားသောမော်ဒယ်လ်အနေဖြင့် Lester Minibus ကို ထုတ်လုပ်သွားပါမယ်။

ဈေးကွက်အနေအထားအရ မော်ဒယ်လ်နှစ်မျိုးကိုရွေးချယ်ထားပါတယ်။ လက်ရှိရန်ကုန်မြို့ရဲ့ YBS တွေမှာ စီးတီးဘတ်စ်တွေကို များသောအားဖြင့်သုံးကြတာကြောင့် Demand ရှိပါတယ်။

နောက်တစ်ခုက ရန်ကုန်မြို့နဲ့ တခြားမြို့လေးတွေကိုဆက်သွယ်တဲ့ Intercity တွေမှာလည်း လိုအပ်ချက်တွေရှိပါတယ်။ အဲဒီအတွက်ကို စီးတီးဘတ်စ်မော်ဒယ်လ်ကို ရွေးချယ်ထားပါတယ် ဟု Daewoo Bus Myanmar Co.,Ltd မှ ဒါရိုက်တာ ဒေါက်တာဦးကျော်ကျော်အောင်က ပြောပါတယ်။

စီးတီးဘတ်စ် BS 106 မှာ ထိုင်ခုံအပြည့်တပ်ဆင်ပါက (၄၅) ခုံအထိ တပ်ဆင်နိုင်ကာ ဒီဇယ်နဲ့ CNG သုံးလို့ရပြီး ၎င်းမော်ဒယ်လ်ကို ကိုရီးယားနိုင်ငံနဲ့ ကာဇစ္စတန်နိုင်ငံများမှာ လက်ရှိထုတ်လုပ်အသုံးပြုနေပါတယ်။၊ မြန်မာနိုင်ငံရှိ ယာဉ်လိုင်းအချို့မှာလည်း အသုံးပြုလျက်ရှိပါတယ်။

Lester Bus များမှာလည်း ၂၇ ခုံအထိ တပ်ဆင်နိုင်ပြီး ရုံးသုံးဖယ်ရီနှင့် ကျောင်းကားများအဖြစ် အသုံးပြုနိုင်ပါတယ်။

Daewoo City Bus BS 106 ကို အမေရိကန်ဒေါ်လာ (၈၀၀၀၀) နဲ့ ပွဲထုတ်ဖို့ စီစဉ်ထားပြီး Lester minibus တွေကတော့ တစ်စီးကို အမေရိကန်ဒေါ်လာ (၄၅၀၀၀) နဲ့ ရောင်းချသွားကာ ရန်ကုန်နဲ့ နယ်လိုင်စင်နှစ်မျိုးလုံး ရရှိနိုင်ပါတယ်။

BE NEWS


Myanmar Industry Directory

Local News Read 632 times