တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိမြို့နယ်များမှထွက်ရှိသော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော တညင်းသီးများ ယခုနှစ်တွင် အထွက်ကောင်းသော်လည်း မြိတ်ဈေးကွက်အတွင်း ဝယ်လိုအားနည်းနေသောကြောင့် အရောင်းအဝယ်အေးနေကြောင်း တညင်းသီးအဝယ်ဒိုင်များထံမှ သိရပါသည်။
မြိတ်ဒေသထွက် တညင်းသီးများသည် ရာသီပေါ်ချိန်တွင် တစ်လုံးလျှင် ငွေကျပ် ၇၀ မှ ၈၀ အထိ ဈေးကောင်းရရှိသော်လည်း ယခုအခါ တစ်လုံးလျှင် ၅ ကျပ်မှ ၈ ကျပ်နီးပါးသာ ဈေးကွက်ရှိတော့ကြောင်း မြိတ်ကမ်းနားလမ်းရှိ တညင်းသီးဒိုင်များထံမှ သိရပါသည်။
မြိတ်ဒေသထွက် တညင်းသီးမှာ ပြီးခဲ့သည့်နှစ်များက အများစုမှာ ကျွန်းစုမြို့နယ်ရှိ ကျေးရွာများက တစ်ပြိုင်နက်တည်းထွက်ရှိသောကြောင့် ဈေးထိုးကျသွားကြောင်း အဝယ်ဒိုင်များထံမှ သိရပါသည်။
Myawaddy