ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းပြန်လည်စတင်တော့မည်


09 July, 2018

အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းကို ယခုနှစ် မိုးကုန်လျှင်ပြန်လည်စတင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်ကပြောသည်။

ထိုသို့ပြန်လည်စတင်ရာတွင် ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးအဆင့် နှစ်လမ်း သွားလမ်းနှင့် ပင်မစီမံကိန်းဖြစ်သည့် ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို တစ်ပြိုင်နက် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ထားဝယ်အထူးစီးပွားရေး ဇုန်က ထိုင်းရဲ့ဈေးသက်သာတဲ့ချေး ငွေရယူပြီး လမ်းဖောက်ဖို့ လွှတ် တော်ကလည်း အတည်ပြုပြီးဖြစ် ပါတယ်။ လမ်းကိုဖောက်နိုင်ဖို့ လည်းစတင်ပြီးတော့ ဆောင်ရွက် နေတာကြောင့် မိုးကုန်တာနဲ့အမျှ ဒီလမ်းကို ဖောက်ခြင်းအားဖြင့် ထားဝယ် အထူးစီးပွားရေးဇုန်ကို လည်း စတင်ဆောင်ရွက်ခြင်းဖြစ် ပါတယ်’’ ဟု ဒေါက်တာသန်းမြင့် ကပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်၏ ကနဦးအဆင့်ဖြစ်သည့် ထိုင်းနယ်စပ်မှ အထူးစီးပွားရေး ဇုန်သို့သွားသည့် နှစ်လမ်းသွား လမ်းကို အီတာလျံ-ထိုင်းကုမ္ပဏီ က စတင်မည်ဖြစ်ပြီး စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းကို မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံက ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန် မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည် ထောင်စုဝန်ကြီးဒေါက် တာသန်း မြင့်က ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သည်ထားဝယ်အထူးစီး ပွားရေးဇုန် စီမံကိန်းမဟာစီမံချက် ကို ပြီးခဲ့သည့်နှစ် မေလတွင် ပြန်လည်ရေးဆွဲနေသည်။

အဆိုပါစီမံကိန်းကို ၂၀၁၈ မေလကုန်တွင် ဂျပန်ဘက်မှ အစီ ရင်ခံစာတင်ပြရမည်ဖြစ်သော်လည်း မတင်ပြနိုင်၍ ဇွန်လသို့ ထပ်မံရွှေ့ဆိုင်းခဲ့ပြီးယခု ဒုတိယအကြိမ်အဖြစ် သြဂုတ်သို့ ထပ်မံရွှေ့ဆိုင်းခဲ့ရကြောင်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၁၈ တွင် မြန်မာ-ထိုင်း အစိုးရနှစ်ဖက်လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံ-ထိုင်းကုမ္ပဏီက စတင်အကောင်အထည်ဖော်ခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် မက်စ်မြန်မာကုမ္ပဏီက ရင်းနှီးမြှုပ်နှံရန် ၂၅ ရာခိုင်နှုန်းပါဝင်ခဲ့သော်လည်း ၂၀၁၂ က နုတ်ထွက်ခဲ့သည်။

၂၀၁၃ တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် အဆိုပါစီမံ ကိန်းကိုရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ဇူလိုင်က အဆိုပါစီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း- ဂျပန်သုံးနိုင်ငံအစိုးရချင်း ဆွေးနွေးခဲ့သည်။

7 Day Daily

Local News Read 601 times