ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင် ဒီဇယ်ဆီနှစ်မျိုး တစ်ပတ်အတွင်း တစ်လီတာလျှင် ၂၅ ကျပ်စီ ကျဆင်းကာ အောက်တိန်းဆီနှစ်မျိုး တစ်လီတာ ၃၅ ကျပ်စီ ကျဆင်းခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်က ဒီဇယ် တစ်လီတာ ၁,၀၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁,၀၁၅ ကျပ်ရှိပြီး အောက်တိန်း- 92 တစ်လီတာ ကျပ် ၈၅၀၊ အောက် တိန်း-95 တစ်လီတာလျှင် ကျပ် ၉၂၀ ရှိလာခဲ့ပါတယ်။
‘‘ဒီအရှိန်နှုန်းအတိုင်းဆိုရင် ရက်ပိုင်းအတွင်း ဒီဇယ်က ကျပ် ၁,၀၀၀ အောက် ပြန်ရောက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ ကမ္ဘာ့ရေနံဈေးက မငြိမ်တော့ အတိအကျပြောနိုင်ဖို့ ခက်တယ်’’ဟု စက် သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးမှပြောပြချက်အရ သိရပါတယ်။ပြည်တွင်း စက်သုံးဆီဈေးဆက်တိုက် ကျဆင်းလာသော်လည်း ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်က ရေနံစိမ်းတစ်စည်လျှင် ၆၁ ဒေါ်လာ ခန့်ရှိပြီး လွန်ခဲ့သည့် တစ်ပတ် (နိုဝင်ဘာ ၂၆ ရက်)ကထက် တစ်စည်လျှင် နှစ်ဒေါ်လာ ပြန်တက်ခဲ့ပါတယ်။ တစ်ဒေါ်လာ ငွေလဲနှုန်းသည် ဒီဇင်ဘာ ၃ ရက်က ၁,၅၄၅ ကျပ်ရှိပြီး နိုဝင်ဘာ ၂၆ ရက်ကထက် ၃၇ ကျပ် ကျဆင်းခဲ့ပါတယ်။
7Day Daily