DFS (Digital Financial Service) ယာယီလုပ်ကိုင်ခွင့် လုပ်ငန်းနှစ်ခုအား ပေးအပ်


21 September, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ (၈/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် Trusty Family Co., Ltd နှင့် Zego Pay Co., Ltd တို့အား DFS (Digital Financial Service)  ယာယီလုပ်ကိုင်ခွင့် ပေးအပ်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်ထားပါသည်။


အကြောင်းအရာ။ API ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးပါရန်ကိစ္စ 

ရည်ညွှန်းချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ (၈/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Digital Payment ဖွံ့ဖြိုတိုးတက်ရေးကို တွန်းအား ပေးဆောင်ရွက်လျက်ရှိရာ Digital Financial Service များကို အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့် ရယူအသုံးပြုနိုင်ရန်အတွက် Trusty Family Co.,Ltd နှင့် Zego Pay Co.,Ltd တို့အား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့၏ (၈/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်တွင်း၌ MMQR အသုံးပြု၍ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းခြင်း ဝန်ဆောင်မှုဆောင်မှုလုပ်ငန်း ယာယီလုပ်ကိုင်ခွင့်ကို ခွင့်ပြုပြီးဖြစ်ပါသည်။

အဆိုပါကုမ္ပဏီများက Merchant Acquiring ဝန်ဆောင်မှုဆောင်ရွက်ခြင်းဖြင့် အများ ပြည်သူတို့အနေဖြင့် Digital Payment ကိုပိုမိုအသုံးပြုနိုင်မည်ဖြစ်သောကြောင့် ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှုကိုပိုမိုကောင်းမွန်စေပြီး Digital စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ငွေပေးချေမှု စနစ်များကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Merchant Acquiring ဝန်ဆောင်မှုဆောင်ရွက်ခွင့်ရရှိ သောကုမ္ပဏီများက ဝန်ဆောင်မှုဆောင်ရွက်ရာတွင် ဘဏ်စာရင်းမှမိုဘိုင်းငွေစာရင်းသို့ ငွေလွှဲဆောင်ရွက်ခြင်းနှင့် စာရင်း ရှင်းလင်းမှုအပိုင်းတို့အတွက်ဘဏ်များနှင့် API ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အဆိုပြုလာပါက ဘဏ်များအနေဖြင့် စရိတ်စကသက်သာစွာ ချိတ်ဆက်ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီးစီး မှုအခြေအနေများကို အထောက်အထားများဖြင့် စာရင်းဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြ ရန်အကြောင်းကြားပါသည်။
 

Banking & Loan Read 1190 times