ဒစ်ဂျစ်တယ်ရူပီယာကို  နေ့စဉ်သုံး ငွေကြေးဖြစ်လာရန် အင်ဒိုနီးရှား အကောင်အထည်ဖော်မည်


11 December, 2022

 ဒစ်ဂျစ်တယ်ရူပီယာကို  နေ့စဉ်သုံး ငွေကြေးဖြစ်လာရန် အင်ဒိုနီးရှား အကောင်အထည်ဖော်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အင်ဒိုနီးရှားသည် ပြည်တွင်းဘဏ်များအကြား ငွေပေးငွေယူများတွင် ဒစ်ဂျစ်တယ်ရူပီယာကို စတင်သုံးစွဲမည့် အစီအစဉ်ကို ရေးဆွဲထားသည်။ 
ဒစ်ဂျစ်တယ်ရူပီယာသည်  blockchain အခြေပြု ငွေကြေးဖြစ်ပြီး အင်ဒိုနီးရှား ဗဟိုဘဏ်သည်  ဒဏ္ဍာရီလာ ဂဠုန်ငှက်ဖြင့် အမည်ပေးထားသော စီမံကိန်း “Project Garuda” ကို ဒစ်ဂျစ်တယ်ရူပီယာ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်နေသည်။
 
 လျင်မြန်စွာပြောင်းလဲနေသော ဒစ်ဂျစ်တယ်ခေတ်တွင် တရားဝင် ဒစ်ဂျစ်တယ်ငွေကြေး  ထုတ်ပေးသည့် တစ်ဦးတည်းသော အခွင့်အာဏာရှိသယအဖြစ် ၎င်း၏ရပ်တည်ချက်ကို အကာအကွယ်ပေးနိုင်ရန်အတွက် အင်ဒိုနီးရှား ဗဟိုဘဏ် Bank Indonesia သည် ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးများ central bank digital currencies -CBDCs ကို စမ်းသပ်သုံးစွဲနိုင်ရန် ကြိုးပမ်းနေသည်။
“ဒစ်ဂျစ်တယ် ရူပီယာဆိုတာ ရှောင်လွှဲလို့ မရဘူး။  အဲဒါဟာ အနာဂတ်ရဲ့ ငွေပေးငွေယူ ကိရိယာပါပဲ”ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ Perry Warjiyo က ပြောကြားသည်။ 
CBDC ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ဖြစ်သော Project Dunbar နှင့် Project mBridge တို့တွင်လည်း Bank Indonesia ပါဝင်လုပ်ကိုင်လျက်ရှိသည်။

ဒစ်ဂျစ်တယ် ရူပီယာကို အဆင့် ၃ ဆင့်ဖြင့် လုပ်ကိုင်သွားမည်။
ပထမအဆင့်သည် လက်ကားပုံစံဖြစ်သည်။ ဘဏ်အကြီးစားများက ၎င်းတို့ဘဏ်အချင်းချင်းနှင့် လည်းကောင်း၊ ဗဟိုဘဏ်နှင့်လည်းကောင်း ငွေပေးငွေယူ လုပ်ဆောင်ကြရာတွင် သုံးစွဲမည်။
နောက်တစ်ဆင့် တိုးချဲ့ရာတွင်  CBDC အသုံးပြုမှုကို ကျန်ရှိသည့် ဘဏ်များအချင်းချင်း ငွေဈေးကွက်နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းလည်ပတ် လုပ်ကိုင်မှုများသို့ တိုးချဲ့သွားမည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ငွေလွှဲပြောင်းခြင်းမှ ငွေပေးချေမှုများအထိ အရာအားလုံးအတွက် လက်လီစားသုံးသူများသည် ဒစ်ဂျစ်တယ်ရူပီယာကို နေ့စဉ်သုံး ငွေကြေးအဖြစ် အသုံးပြုမည်ဖြစ်သည်။

Bank Indonesia ဘဏ် ဥက္ကဋ္ဌ Perry Warjiyo က ဒစ်ဂျစ်တယ်ရူပီယာသည်  metaverse မှာ  ဝယ်ယူခြင်းများအတွက် ငွေပေးချေနိုင်သည့် ဒစ်ဂျစ်တယ် ငွေကြေး ဖြစ်လာမည်ဟု ပြောကြားသည်။
ဒစ်ဂျစ်တယ်ရူပီယာသည် အခြားဗဟိုဘဏ်များ၏ ဒစ်ဂျစ်တယ်ငွေကြေးများနှင့် တွဲဖက်အသုံးပြုနိုင်မည့် နည်းပညာပလက်ဖောင်းကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အင်ဒိုနီးရှားသည် ငွေပေးချေခြင်းများအတွက် ခရစ္စပတိုငွေကြေး သုံးစွဲခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ သို့သော် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို လွှဲပြောင်းခြင်းကို ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ခွင့်ပြုထားသည်။ 
Source Bangkokpost 

Banking & Loan Read 363 times