မြန်မာနိုင်ငံအတွင်းရှိ နောက်ဆုံးပေါ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေနဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း၂၀၁၈ ဇူလိုင်လ ၂၀ ရက်နေ့က ရှန်ဂရီလာဘန်ကောက် (Shangri-La Bangkok ) မှာ အဓိကထား ဆွေးနွေး ကြပါတယ်။
‘Myanmar Insight 2018’ လို့ အမည်ပေးထားတဲ့ အဲသည်အခမ်းအနားဟာ ထိုင်းနိုင်ငံသံရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (Thai Business Association of Myanmar) တို့ ပူးပေါင်းပြုလုပ်တာ ဖြစ်တယ်။
အဲသည်အခမ်းအနားကို Oxford Business Group (OBG) က တာဝန်ရှိကိုယ်စားလှယ်တွေ တက်ရောက်ပြီး မကြာမီ တစ်ကမ္ဘာလုံးကိုဖြန့်ချိထုတ်ဝေသွားမယ့် The Report : Myanmar 2019 အစီရင်ခံစာမှာ ပါဝင်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးသူတွေဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်လုပ်ငန်းတွေ လာရောက်ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေအပါအဝင် ကျယ်ပြန့်လှတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်။ အဲသည်ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံစီးပွားအခြေအနေကို နောက်တစ်ဆင့်ကို ရောက်ရှိစေဖို့ စွမ်းဆောင်ပေးနိုင်စွမ်းရှိတဲ့ နိုင်ငံရဲ့စွမ်းအင်နဲ့ လက်လီစီးပွာရေးလုပ်ငန်းကဏ္ဍတွေအကြောင်းနဲ့ ခရီးသွားကဏ္ဍတွေအကြောင်းနဲ့ ခရီးသွားကဏ္ဍအတွင်း အသုံးမချရသေးတဲ့ အခွင့်အလမ်းတွေအကြောင်း မီးမောင်းထိုး ဆွေးနွေးခဲ့ကြတယ်။ အဲဒါအပြင် စားနပ်ရိက္ခာလုံလောက်မှုရှိခြင်း စတဲ့ အရေးပါတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးတယ်။
ဆွေးနွေးပွဲပြီးဆုံးပြီးနောက်မှာOBG ရဲ့ editorial manager ဖြစ်သူ Dario Medina က လက်လီနဲ့ လက်ကားစီးပွားရေးလုပ်ငန်း ကဏ္ဍတွေအတွင်း မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပါအဝင် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ စည်းမျဉ်း ဥပဒေ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံဟာ အခုအချိန်မှာ ရင်းနှီးမြှုပ်နှံသူ အသစ်တွေနဲ့ ငွေကြေးစီးဆင်းမှု အသစ်aတွကို ဆွဲဆောင်နေပြီဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ ထိပ်တန်းနိုင်ငံ ခြားရင်း နှီး မြှုပ်နှံတဲ့ ငါး နိုင်ငံအနက် အပါအဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံ ကြာမြင့်လှပြီဖြစ်တဲ့ ကုန်သွယ် မိတ်ဖက်နိုင်ငံတွေကိုလည်း ဆွဲဆောင်နေနိုင်ပြီဖြစ်ကြောင်း ပြောကြားပါတယ်။
သူကဆက်ပြောရာမှာ 'စိန်ခေါ်မှု တွေအထူးသဖြင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်ရှိမှုတွေဟာ စီးပွားရေးခေါင်းဆောင်တွေအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေပေမဲ့လဲ ပြီးခဲ့တဲ့ သောကြာနေ့က ဆွေးနွေးမှာ တွေ့မြင်နိုင်တဲ့ အတိုင်းပဲ ထိုင်းနိုင်ငံအပြင် အခြားသောနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံ မှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ်မှာ တစ်ထောင့်တစ် နေရာက ပါဝင်ကူညီဖို့ လိုလားနေကြပါ တယ်”လို့ ဆိုတယ်။
လတ်တလောပြဋ္ဌာန်းလိုက်တဲ့ ရင်း နှီး မြှုပ်နှံသူတွေအတွက် အကျိုးရှိစေမယ့် စည်းမျဉ်းဥပဒေတွေန့ ဲအဲသည်ဥပဒေတွေ ကြောင့် ဈေးကွက်အတွင်းဖြစ်ပေါ်လာမယ့် ရလဒ်အမှန်တွေကိုကျွန်တော်တို့ရဲ့ မကြာ မီ ထုတ်ဝေသွားမယ့် အစီရင်ခံစာမှာ ဆန်း စစ်တင်ပြသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ဈေးကွက်ကို မျက်စိဒေါက်ထောက်ကြည့်ရှုနေတဲ့ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ လိုအပ်တဲ့ ဆုံးဖြတ် ချက်တွေချမှတ်ရာမှာ အကူအညီပေးနိုင် မယ့် စီးပွားရေးဆိုင်ရာ အသိအမြင်တွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ပြောကြားတယ်။
The Report: Myanmar 2019 နဲ့ The Report : Thailand 2019 အစီရင်ခံ စာတွေမှာ မြန်မာနဲ့ ထိုင်းနိုင်ငံတွေOx-ford Business Group ရဲ့ သုတေသန အဖွဲ့တွေရဲ့ ၁၂လကျော်ကြာ ပြုလုပ်ထား တဲ့ ဆန်းစစ်လေ့လာချက်တွေ ပါဝင်မှာဖြစ်တယ်။ အဲသည် သုတေသနအဖွဲ့တွေဟာ macroecononics အခြေခံအဆောက် အအုံ၊ ဘဏ်လုပ်ငန်းတွေအပါအဝင် ဈေး ကွက်တွေရဲ့ ဦးတည်ချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆန်းစစ်သွားမှာ ဖြစ်တယ်။
OBG ရဲ့ အစီရင်ခံစာတွေမှာ အရှိန် အဝါကြီးမားတဲ့ ပုဂ္ဂိုလ်တွေရဲ့ထင်မြင်ယူ ဆချက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအ တက် ွကဏ္ဍ အလိုက် အသေးစိတ်လမ်းညွှန် ချက်တွေလည်း ပါဝင်ပါတယ်။
အဲသည် အစီရင်ခံစာတွေဟာ မြန်မာနိုင်ငံရင်း နှီး မြှုပ်နှံ မှုကော်မရှင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း(Thai Business Association of Myanmar) တို့နဲ့ ပူးပေါင်းထုတ်ဝေတာ ဖြစ်ပြီး အစီရင်ခံစာတွေကို စာအုပ်အဖြစ် ဖတ်ရှုနိုင်မှာဖြစ်တဲ့အပြင် အွန်လိုင်းကတစ် ဆင့်လည်း ရယူဖတ်ရှုနိုင်ပါမယ်။
Oxford Business Group (OBG)ဟာ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နဲ့ အမေရိက တိုက်တွေက နိုင်ငံပေါင်း ၃၀ ကျော်မှာ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ နိုင်ငံ တကာ သုတေသနနဲ့ အတိုင်ပင်ခံလုပ် ငန်း ဖြစ်တယ်။ လန်ဒန် ဘာလင်၊ဒူဘိုင်းနဲ့ အစ္စ တန်ဘူမြို့တွေမှာ အခြေစိုက်ရုံးတွေ ဖွင့် လှစ်ထားပြီး လုပ်င န်းတွေ လုပ်ဆောင်တဲ့ နိုင်ငံတွေမှာလည်း သက်ဆိုင်ရာ ပြည်တွင်းဌာနခွဲတွေ ပါဝင်တဲ့ ကွန်ရက်တစ်ခု ကို ပိုင်ဆိုင်ထားပါတယ်။
အဲသည်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်အတွင်းရေးမှဦးအောင်နိုင်ဦး၊ မြန်မာနိင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်း အင်ဝန် ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးန ဌာန ညွှန် ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်၊ PTTEP International ရန်ကုန် ရုံးခွဲရဲ့ အထွေထွေ မန်နေဂျာMr. Piya Sukhumpanumet' EGAT International ရဲ့ President ဖြစ်သူ ံ Mr. Watchara Hemruchatanun လုပ်ငန်းစုရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သMr. Card Crick အစရှိတဲ့ ပုဂ္ဂိုလ်တွေ အပါအဝင် ပုဂ္ဂလိကကဏ္ဍအသီးသီးက ကိုယ်စား လှယ် စုစုပေါင်း ၆ဝဝ ဝန်းကျင်တက် ရောက် ခဲ့ ပြီး သက်ဆိုင်ရာ ခေါင်းစဉ်အ လိုက် စကားဝိုင်းဆွေးနွေးပွဲတွေမှာ ဝင်ရောက်ဆွေးနွေးခဲ့ကြတယ်။
တက်ရောက်လာတဲ့ အစိုးရ အရာရှိ ကြီး တွေထဲက အဖွင့်မိန့်ခွန်းကို မြန်မာ နိုင်ငံပြည်ထောင်စ ုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်း ထွန်း၊ ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ.အစည်းဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Dr. Pichet Durong Kaveroj နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ံMr. Jukr Boon Long တို့ ပါဝင်ပြော ကြားခဲ့ပါတယ်။
kumudra