ဂျပန်ကုမ္ပဏီတစ်ခုနှင့် ဒန့်သလွန်သီးထုန်ကုန်များ ဝယ်ယူရောင်းချမှု သင်္ကြန်နောက်ပိုင်း ဆွေးနွေးမည်


11 April, 2019

ဒန့်သလွန်သီးထုန်ကုန်များ ဝယ်ယူရောင်းချမှုနှင့် ပတ်သက်၍ ဂျပန်ကုမ္ပဏီတစ်ခုနှင့် သင်္ကြန်နောက်ပိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒန့်သလွန် နှင့် ရဲယိုသီးစိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့မှသိရပါတယ်။

အဆိုပါ ဂျပန်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဒန့်သလွန်သီး ထုန်ကုန်များကို ဝယ်ယူရန်အတွက် နမူနာစမ်းသပ်သယ်ယူသွားပြီး ဝယ်ယူမည့်တန်ချိန် ပမာဏနှင့် ဈေးနှုန်းများကို သင်္ကြန်နောက်ပိုင်း ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ ဒန့်သလွန် နှင့် ရဲယိုသီးစိုက်ပျိုး ထုန်လုပ်သူများအစုအဖွဲ့(ယာယီ)မှ ဥက္ကဋ္ဌဦးမြင့်ကိုက ဒန့်သလွန်ထုန်ကုန် ဝယ်ယူဖို့နဲ့ ပတ်သက်ပြီး သင်္ကြန်ပြီးမှပဲ ဆက်လက်ဆွေးနွေးဖြစ်မယ်။ အခုက သူတို့အနေနဲ့ ဝယ်မယ်လို့ပဲပြောရသေးတယ်။ နောက်ပြီး နမူနာတွေယူသွားတယ်။ အဲဒါကိုကြိုက်ရင်သူတို့ နိုင်ငံမှာ ဖြန့်ဖြူးဖို့လုပ်မယ်။ ဘယ်လိုလုပ်မလဲဆိုတာကတော့ မဆွေးနွေးရသေးဘူးလို့ ပြောပါတယ်။

ဒန့်သလွန်ပင်မှ ထုတ်လုပ်ရရှိသော ထုန်ကုန်များကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်၍ ပြည်တွင်းဈေးကွက်တွင် သုံးစွဲမှုများရှိလာပြီး ပြည်ပနိုင်ငံများဖြစ်သော ထိုင်ဝမ် ၊ အမေရိကား ၊ တရုတ် နှင့် ကိုးရီးယားနိုင်ငံများသို့ နမူနာ ထုန်ကုန်များကို ပေးပို့ထားရှိကြောင်း သိရပါတယ်။

ဦးမြင့်ကိုက ပြည်ပကို တင်ပို့ဖို့အတွက် နိုင်ငံတကာ အရည်အသွေးစံချိန်စံနှုန်းမီအောင် ကြိုးစားရတာပေါ့။ အခုက တစ်ကီလိုကို ခြောက်သောင်း ရောင်းနေတယ်။ ဥရောပ ၊ အာဖရိကဘက်ကလည်း အသုံးချများနေတော့ ဈေးကွက်အလားအလာက ကောင်းပါတယ်။ ဒန့်သလွန် စိုက်ပျိုးတာက အခက်အခဲမရှိပေမယ့် တောင်သူတွေ အနေနဲ့ အချို့ကျ မစိုက်ချင်ကြတော့ လက်လှမ်းမီသလောက်တော့ စိုက်ဖို့ ပြောပြနေရတာပေါ့။

ပြည်တွင်းဈေးကွက်မှာ ဒန့်သလွန်အရွက်အမှုန့်ကို ကျန်းမာရေးဓာတ်စာအနေနဲ့ အသုံးများတယ်။ သွေးတို့ရောဂါ ၊ လေငန်းရောဂါ ၊ သွေးတွင်းအဆီဓာတ်များခြင်း ၊ ဆီချိုရောဂါတို့အတွက် အသုံးပြုကြတယ်။ ပြည်တွင်းမှာ ဒေသမျိုးထက် အိန္ဒိယ နဲ့ ဗီယက်နမ် ဒန့်သလွန် မျိုးတွေမှာ တိုးချဲ့စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီးခြောက်လခန့်အကြာမှာ စတင်အသီးသီးပြီး ခူးဆွတ်ရောင်းချနိုင်တယ်။

ယင်းဒန့်သလွန်သီးကို အစေ့ထုတ်ခြင်း ၊ အစေ့ကို အမှုန့်ကြိတ်ခြင်းတို့ဖြင့် ထုတ်ကုန်များထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း ဈေးကွက်တွင်ဒန့်သလွန်သီးအမှုန့် တစ်ကီလိုလျှင် ငွေကျပ် ခြောက်သောင်း ၊ ဒန့်သလွန်အစေ့ ၁၀ ကီလီလျှင် ငွေကျပ်ငါးထောင် ပေါက်ဈေးရှိကြောင်း သိရပါတယ်။

Democracy

Export, Import Read 3271 times