မြန်မာနိုင်ငံအတွင်းရှိ Hitachi Industrial Equipment System Co.,Ltd. (“ HIES, President and Director: Yutaka Araya”) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Hitachi Soe Electric & Machinery Co.,Ltd.(“ဟီတာချီစိုးလျှပ်စစ်) သည်မြန်မာနိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် Distribution Transformer အလုံးရေ ၅၄၀၀ ခန့်ပို့ပေးရန် အမှာစာများလက်ခံရရှိပါသည်။
အမှာစာများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၅) သန်းနှင့် ညီမျှပါသည်။
လွန်ခဲ့သောနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် လျင်မြန်စွာ တိုးတက်လာလျက်ရှိပါသည်။
ထို့ကြောင့် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် စွမ်းအင်အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးသည် ယခုအခါ အဓိက ကိစ္စတစ်ရပ်ဖြစ်လာပါသည်။
မြန်မာနိုင်ငံအစိုးရသည် လျှပ်စစ်စွမ်းအားပေဝေနိုင်မှု အချိုးအစားကို ယခုလက်ရှိအခြေအနေ ၃၇%(၂၀၁၆ခုနှစ်)မှ ၂၀၃၀ပြည့်နှစ်တွင် ၁၀၀%အထိ တိုးမြှင့်လာနိုင်ရန်အတွက် ကာလလတ်မှ ကာလရှည်အထိ ရည်မှန်းချက်များထားရှိပါသည်။
အဆိုပါ ဆောင်ရွက်ချက်အတွက် တစိတ်တဒေသအဖြစ် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံအစိုးရသည် ကမ္ဘာဘဏ်၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်သော နိုင်ငံအနှံ့ လျှပ်စစ်စွမ်းအားဖြန့်ဝေရေးမှတဆင့် မြန်မာနိုင်ငံရှိ အိမ်တိုင်းတွင်လျှပ်စစ်ရရှိရန်ရည်ရွယ်သည့် Myanmar National Electrification Project(NEP) ကို ဖော်ဆောင်ခဲ့ပါသည်။
ထိုအခြေအနေတွင် NEP ကို အကောင်အထည်ဖော်ရန်အတွက် ပထမဆုံးအကြိမ် ပုံမှန်လေလံခေါ်ယူခဲ့ပြီး ဟီတာချီစိုးလျှပ်စစ်သည် ၂၀၀၇ခုနှစ် ၊ အောက်တိုဘာလမှစတင်၍ Distributor Transformer များကို စတင်ပေးပို့မည်ဖြစ်ပြီး ၂၀၂၀ခုနှစ်တွင်မြန်မာနိုင်ငံ၏ ၅၀%ခန့်အထိ လျှပ်စစ်စွမ်းအားတိုးမြှင့်ပေးဝေနိုင်စေမည့် အစီအစဉ်ကို ပြည့်မှီစေရန် ကူညီပေးသွားမည်ဖြစ်ပါသည်။
လာမည့်အနာဂတ်တွင် ဟီတာချီစိုးလျှပ်စစ်သည် မြန်မာနိုင်ငံအတွက် တည်ငြိမ်သော လျှပ်စစ်စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ရန် Electrical Transformerများကို အဓိကထားလျက် စွမ်းအင်ပို့ဆောင်ခြင်းဆိုင်ရာ ကိရိယာများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Hitachi Industrial Equipment System Co,.Ltd အကြောင်း
Hitachi Industrial Equipment System Co,.Ltdသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရုံးစိုက်ပြီး Hitachi , Co,.Ltd၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ကာ စက်ရုံသုံးပစ္စည်းနှင့် ကိရိယာများထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ကုမ္ပဏီသည် မော်တာ၊ စက်ရုံသုံးအလိုအလျောက်နှင့် ထိန်းချုပ်ရေးစနစ်များ၊ လေနှင့် ရေအားသုံးစနစ်များ၊ လေဖိအားသုံးစနစ်များ၊ စွမ်းအင်ဖြန့်ဖြူးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စနစ်များနှင့် လုပ်သားအင်အားသက်သာစေသည့် စနစ်များအပါအဝင် စက်မှုကုန်ထုတ်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိပါသည်။