လာမည်နွေတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်နေ


12 January, 2018

ယခုနှစ်တွင် မိုးများခြင်းနှင့် ဂက်စ်တာဘိုင်အသစ်သုံးခု တည်ဆောက်ထားနိုင်ခြင်းကြောင့် လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ပြောကြားခဲ့ပါသည်။

ယခုနှစ်အတွင်း ဂက်စ်တာဘိုင်သုံးခု အသစ်ရပြီး၊  မိုးကလည်း ခါတိုင်းထက် ပိုမိုများပြားခဲ့၍ရေအားကို အများကြီးထုတ်နိုင်ပြီးယခုနှစ်တွင် ဒုဝန်ကြီးလမ်းညွှန်ချက်အရ ရေအားကို ရေဝင်သလောက်ပဲမောင်း၍ နွေရာသီတွင် ရေ Level အမြင့်နဲ့ကျန်ခဲ့မည် ဖြစ်ကြောင်း ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးဦးသန်းနိုင်ဦးက ပြောကြားခဲ့ပါသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအသုံးအနေဖြင့် ထုတ်လုပ်ခဲ့သည်မှာ မဂ္ဂါ၀ပ် ၂၆၁၀ ရှိပြီး လာမည့်နွေရာသီတွင် ထုတ်လုပ်မှုစုစုပေါင်း မဂ္ဂါ၀ပ် ၃၅၀၀ ကျော် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ရေအားလျှပ်စစ်ကို ရေချွေတာ ထုတ်လုပ်နေ၍ ရန်ကုန်မြို့ရှိ သာကေတ ၁၀၆ မဂ္ဂါ၀ပ် ဓာတ်အားပေးစက်ရုံ၊ မြင်းခြံ ၂၂၅ မဂ္ဂါ၀ပ် ဓာတ်အားပေးစက်ရုံ၊ သထုံဓာတ်အားပေးစက်ရုံများ မကြာမီ ပြီးစီးမည်ဖြစ်သည့်အတွက် နွေရာသီအမီ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ယမန်နှစ်က ရန်ကုန်တွင်ပေးနေသော သာကေတစက်ရုံအစား ဒီစက်နှင့် လည်ပတ်မည် ဆိုပါက တစ်ရုံတည်းကနေ မနှစ်က နွေရာသီထက် ရ၀ မဂ္ဂါ၀ပ် ပိုရ၍  မြင်းခြံက ၂၂၅ မဂ္ဂါ၀ပ်ပိုရမည်ဖြစ်ပြီး၊ သထုံ စီမံကိန်းသည် ဧပြီလောက်တွင်ပြီးပါက ရ၀ လောက် ပိုရမည် ဖြစ်ကြောင်းသိရပါသည်။

Local News Read 623 times