ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံ စနစ်ဖြင့် နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၆ သန်းကျော် ဝယ်ယူပြီးနောက် ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ ကျပ် ၁၃၀၀ အထက်သို့ ပြန်လည်မြှင့်တက်လာကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ပြီးခဲ့သည့်
အောက်တိုဘာလ ၂ ရက်က အမေရိကန်ဒေါ်လာ ၃ ရ သိန်း၊
အောက်တိုဘာလ ၅ ရက်က အမေရိကန်ဒေါ်လာ ၃၈ သိန်း၊
အောက်တိုဘာလ ၆ ရက်က အမေရိကန်ဒေါ်လာ ၃၈ သိန်း၊
အောက်တိုဘာလ ၇ ရက်က အမေရိကန်ဒေါ်လာ ၃၈ သိန်း၊
အောက်တိုဘာလ ၈ ရက်က အမေရိကန်ဒေါ်လာ ၃၈ သိန်းနှင့်
အောက်တို ဘာလ ၉ ရက်က အမေရိကန်ဒေါ်လာ ၇ ၇ သိန်း
ဝယ်ယူခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်က ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၂၈၂ ကျပ် အထိ ကျဆင်းခဲ့ပြီး နိုင်ငံခြားငွေ ဈေးပြိုင်လေလံစနစ်ဖြင့် နှစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ ၂၆ ၆ သိန်း ဝယ်ယူခဲ့သောကြောင့် အောက်တိုဘာလ ၁၅ ရက်က ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၁၂ ကျပ် အထိ ပြန်လည်မြှင့်တက်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင် လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ ၄၄၂ သိန်း ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းများအရ သိရသည်။
ပြည်တွင်းငွေကြေးဈေးကွက်၌ ယခုနှစ်လအလိုက် ဖြစ်ပေါ်သော
နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ
ဇန်နဝါရီလတွင် ၁၄၆၅-၁၄၉၃ ကျပ်၊
ဖေဖော်ဝါရီလတွင် ၁၄၃၆ -၁၄၆၅ ကျပ်၊
မတ်လတွင် ၁၃၂၀-၁၄၄၅ ကျပ်၊
ဧပြီလတွင် ၁၃၉၅-၁၄၄၀ ကျပ်၊
မေလတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊
ဇွန်လတွင် ၁၃၈၅- ၁၄၁၂ ကျပ်၊
ဇူလိုင်လတွင် ၁၃၆၇-၁၄၁၀ ကျပ်၊
သြဂုတ်လတွင် ၁၃၃၅- ၁၃၉၀ ကျပ်နှင့်
စက်တင်ဘာလတွင် ၁၃၁၀- ၁၃၅၅ ကျပ်
တို့ဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့်လည်း လေလံစနစ်ဖြင့် ဒေါ်လာများ ဝယ်ယူ၊ ရောင်းချနေခြင်းသည် အချိန်တိုအတွင်း ဒေါ်လာ အတက်၊အကျ မများစေရန်နှင့် နိုင်ငံခြားသုံး၊ ရန်ပုံငွေကို ဖြည့်တင်းရန် အတွက်သာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။