၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက် ကြာသပတေးနေ့ ရွှေဈေးငွေဈေး


21 April, 2022

၂၀၂၂ ခုနှစ် ဧပြီလ ၂၁  ရက်  
ကြာသပတေးနေ့  ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး  ကျပ် 2000~2030  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1850 (± 3)ဖြစ်ပါသည်။ 
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2150 ကျပ်
စင်ကာပူ ဒေါ်လာ  1485 ကျပ်
မလေးရှား ရင်းဂစ်  455  ကျပ်
ထိုင်း ဘတ်  61 ကျပ်
ဂျပန် ယန်း   19.5 ကျပ်
တရုတ် ယွမ်  320 ကျပ်
တို့ ဖြစ်သည်။



ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး   
2,085,000   ဝန်းကျင်ဖြစ်ပါသည်။ 

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ  1,954,000  ဝန်းကျင်ဖြစ်ပါသည်။ 



မြန်မာ့ရွှေဈေးကွက် အရောင်းအဝယ်ရပ်တန့်နေ 

စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းကို ကန့်သတ်ပြီးနောက်ပိုင်း ယနေ့ (ဧပြီ ၂၁ ရက်) မြန်မာ့ရွှေဈေးကွက်တွင် အရောင်းအဝယ် မပြုလုပ်ရဲသည့်အခြေအနေ ဖြစ်နေကြောင်း ရွှေကုန်သည်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးက “အခုက အရောင်းအဝယ်ကို မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဈေးကို နည်းနည်းပြန်ပြီးတော့ ထိန်းချင်တဲ့သဘော ရှိနေတယ်။ အဲ့ဒါကြောင့် အရောင်းအဝယ်ကို မလုပ်ဘူးဗျ။ အားလုံး ရပ်ဆိုင်းထားတယ်။ ဆိုင်ကြီးတွေဆိုရင် ရွှေ ၁၀ သားကျော်ရင် အရောင်းအဝယ် မလုပ်ဘူး။ ဒီနေ့က ဈေးမဖွင့်သလို အရောင်းအဝယ်ကို မလုပ်တာ” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) တွင် ရွှေကုန်သည်များက ဈေးကွက်ဖွင့်ရန် စောင့်ဆိုင်းနေကြပြီး မြန်မာ့အခေါက်ရွှေဈေးကွက်မှာလည်း ယနေ့(ဧပြီ ၂၁ ရက်)  နေ့လယ်ပိုင်းအထိ ဈေးကွက်မဖွင့်နိုင်သေးကြောင်း ၎င်းက ဆိုသည်။ 

ဆက်လက်၍ ၎င်းက “အခုက ၁ ကျပ်သား၊ ၂ ကျပ်သားတောင်မှ မရောင်းကြတော့ဘူး။ အဲဒီလို ဖြစ်နေတယ်။ လက်ဝတ်ရတနာဆိုင်တွေကတော့ မနေ့ကဖွင့်တဲ့ အခေါက်ရွှေ ၁ ကျပ်သား ကျပ်၂၀ သိန်း ၇ သောင်းကျော်နဲ့ဖွင့်ပေါ့။ အဲဒီလိုပဲ ရှိတယ်။ မနေ့ကတော့ အရောင်းအဝယ်လုပ်လို့ ရသေးတယ်။ ဒီနေ့ကျမှ မဖွင့်ရဲကြတာ။ အသင်းကလည်းမဖွင့်ဘူး။ အကုန်လုံးစောင့်နေကြတာ။ အခေါက်မရောင်းတဲ့ ဆိုင်တွေကတော့ ပြဿနာသိပ်မရှိဘူး” ဟု ရှင်းပြသည်။
မြန်မာ့ရွှေဈေးကွက်သည် သင်္ကြန်ရုံးပိတ်ရက်ပြီးနောက်ပိုင်း မြန်မာနှစ်ဆန်း ၄ ရက် (ဧပြီ  ၂၀ ရက်) တွင် YGEA က ရွှေထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်နိုင်ရေးအတွက် အစည်းဝေးပြုလုပ်ပြီး အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ကျပ်သိန်းနှစ်ဆယ်ခုနှစ်သောင်း၊ ကမ္ဘာ့ရွှေ ၁ အောင်စ ၁၉၄၀ ဝန်းကျင်နှင့် ဈေးပြန်ဖွင့်ခဲ့ပြီး ယနေ့တွင် ဈေးကွက်မဖွင့်နိုင် ပြန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ 
လက်ဝတ်ရတနာအထည်ဈေးကွက်ဖြစ်သော ၁၅ ပဲရည်ရွှေဈေးမှာ ယမန်နေ့က ဖွင့်ထားသည့်ဈေးနှင့် တွက်ချက်ပြီး ၁ ကျပ်သား ကျပ် ၁၉ သိန်း ၂ သောင်းကျော်ဖြင့် ဈေးဖွင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်က ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရသော ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် တရက်အတွင်း သတ်မှတ်နှုန်းနှင့် လဲလှယ်ရောင်းချရမည်ဟု ဗဟိုဘဏ်ကသတ်မှတ်ပြီးနောက် ထိုနှုန်းထားနှင့်အညီ စက်သုံးဆီ၊ ရွှေ အပါအဝင် ပြည်ပပို့ကုန်သွင်းကုန် ဈေးနှုန်းများကိုလည်း ယင်းနှုန်းထားနှင့် တွက်ချက် ရောင်းဝယ်ရမည် ဖြစ်သည်။
ယင်းနောက်ပိုင်း ဈေးကွက်များအတွင်း ဈေးမဖွင့်နိုင်ခြင်း၊ စက်သုံးဆီများ အကန့်အသတ်နှင့် ရောင်းချရခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဧရာဝတီ


ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) က မွန်းလွဲ ၃ နာရီတွင် မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ် တွင် ဖြစ်ပေါ်နေသော ရွှေဈေးကို ၂,၀၈၅,၀၀၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ပေးခဲ့သည်။ 


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1950   ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ

.    WORLD GOLD PRICE .


 

Banking & Loan Read 6667 times