၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်   ဗုဒ္ဓဟူးနေ့  ရွှေဈေးငွေဈေး


06 July, 2022

၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်  
ဗုဒ္ဓဟူးနေ့  ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး  ကျပ် 2170~2180 ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1850 (± 3)ဖြစ်ပါသည်။ 

အခြားငွေကြေး ငွေလဲနှုန်းများမှာ 
စင်ကာပူ ဒေါ်လာ  1550 ကျပ်
ယူရို ဒေါ်လာ  2250 ကျပ်
ဩစတေးလျ ဒေါ်လာ 1500 ကျပ်
ဂျပန် ယန်း   16.3 ကျပ်
မလေးရှား ရင်းဂစ်  482 ကျပ်
ထိုင်း ဘတ်  61.5 ကျပ်
တရုတ် ယွမ်  322 ကျပ်
ဝန်းကျင် ဖြစ်ပါသည်။ 


MyanmarIndustrialGuide
Telegram Channel
https://t.me/Guid4U


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း (YGEA) က မနက်ပိုင်း  ၁၀:၀၀ နာရီတွင် ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးမှာ 2,050,000 ဖြစ်ပြီး နေ့လယ်ပိုင်း  ၁၂:၃၀ နာရီတွင် ထုတ်ပြန်သည့် ဈေးနှုန်းမှာ 2,050,000 ဖြစ်ပါသည်။ မွန်းလွဲပိုင်း ၀၂:၃၀ နာရီတွင်  ထုတ်ပြန်သည့် အပိတ်ဈေးမှာ 2,060,000 ဖြစ်ပါသည်။


ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေးနှုန်းမှာ  

မနက်         2,061,000 
နေ့လယ်    2,062,000 
ညနေ        2,067,000
ဝန်းကျင်ဖြစ်ပါသည်။ 

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ  1,941 ,000  ဝန်းကျင်ဖြစ်ပါသည်။ 



ရွှေတုံးရောင်းချမှုနှင့်ရွှေအရောင်း အဝယ်လိုင်စင် ၆ဝ ကျော် ချထားပေးပြီး

ရွှေဈေးတည်ငြိမ်စေရေးအ တွက် ဈေးကစားခြင်းမပြုလုပ် ကြရန်နှင့် ရွှေနှင့်ပတ် သက်သည့် လိုင်စင် များပြုလုပ် ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များ အသင်းက ၂ဝ၂၂ ခုနှစ် မေလမှ စတင်၍တိုက်တွန်းနှိုးဆော် ထားပါသည်။
ရွှေအရောင်းအဝယ်လိုင်စင် ပြုလုပ်ထားခြင်းမရှိသည့် ရွှေ ဆိုင်များ၊ မီးလင်းရွှေအတုံးအ ခဲအရောင်းအဝယ်ပြုလုပ်သည့် ရွှေကုန်သည်များကိုပါ တိုက်တွန်းနှိုးဆော်ထားပါသည်။
အဆိုပါ တိုက်တွန်းမှုကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီထံ ရွှေဆိုင်နှင့် ရွှေကုန်သည် ၆၀ ကျော်လိုင်စင် လျှောက်ထားထုတ်ပေးပြီးဖြစ် ကြောင်း သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရွှေဆိုင်နှင့်ရွှေလုပ်ငန်း ပေါင်း သောင်းချီရှိနေသည့် အတွက် ရွှေရောင်းဝယ်ပြုလုပ် ရာတွင် လိုင်စင် လျှောက်ထား လာပါက လိုင်စင်များထုတ်ပေး နေပြီး လိုင်စင်လျှောက်ထားမှု မရှိ ရောင်းဝယ်ဖောက်ကား ပြုလုပ်နေပါက စောင့်ကြည့်၊ ကြပ်မတ်ထိန်းသိမ်းသွားရန် ဇန်နဝါရီ ၂၅ ရက်က ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်း ကော်မတီကိုဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်းသိရပါသည်။
အဆိုပါ ရွှေအတုံး/အခဲလိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့် YGEA ၏ ထောက်ခံစာကို အမှတ် ၄၂/၅၀ ပထမထပ် ရွှေဘုံသာလမ်း (အောက်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ တွင် တည်ရှိသော  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) အသင်းရုံးတွင်  ရုံးချိန်အတွင်း လာရောက် ရယူနိုင်ကြောင်း အသိပေး ကြေညာထားပါသည်။


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,761  ဝန်းကျင်ရှိပါသည်။

 

MIG


 

Banking & Loan Read 12690 times