၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက် ကြာသပတေးနေ့ ရွှေဈေးငွေဈေး


10 March, 2022

၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်  
ကြာသပတေးနေ့   ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင်
အရွက်ဈေး  ကျပ် 2020~2045  ဝန်းကျင်ဖြစ်သည်။ 
ပို့ကုန်ရငွေ Earning ဈေး 1975~2025  ဖြစ်ပါသည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1,778.0(±0.5)   ဖြစ်ပါသည်။ 

အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2160 ကျပ်
စင်ကာပူ ဒေါ်လာ  1460  ကျပ်
မလေးရှား ရင်းဂစ်  450  ကျပ်
ထိုင်း ဘတ်  60.2 ကျပ်
ဂျပန် ယန်း  17 ကျပ်
တရုတ် ယွမ်  312  ကျပ်
တို့ ဖြစ်သည်။


"(၆.၃.၂၀၂၂) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ
 (၁၂.၃.၂၀၂၂) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ
နှင့်
(၁၃.၃.၂၀၂၂) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ
 (၁၉.၃.၂၀၂၂) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ
အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် 
တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ"
 


ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး     2,005,000
နေ့လယ်ပိုင်း  1,999,000
အပိတ်ဈေး    1,992,000

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,876,500 ဝန်းကျင်ဖြစ်သည်။ 


ထိုင်းရွှေဈေးကွက်

ထိုင်းနိုင်ငံ ရွှေကုန်သည်များအသင်း Gold Traders Association က ဗုဒ္ဓဟူးနေ့ နံနက်မှာ ရွှေအလေးချိန် တစ်ဘတ်ကို ဝယ်ဈေး  31,320.56 ဘတ်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ရွှေထည်များအတွက် ဈေးနှုန်းဖြစ်ပါတယ်။ ရွှေချောင်းဝယ်ဈေးက အလေးချိန် တစ်ဘတ်ကို 31,900 ဘတ် ဖြစ်ပါတယ်။ အင်္ဂါနေ့ မနက်အဖွင့်ဈေးထက် ဘတ် ၉၀၀ မြင့်တက်ပါတယ်။

ထိုင်းရွှေဈေးကွက်တွင် ရွေချောင်းသည်  96.5% သန့်စင်သည့် ရွှေဖြစ်ပါတယ်။ ၂၃ ကာရက်သာသာ အရည်အသွေး ဖြစ်ပါတယ်။ အလေးချိန် တစ်ဘတ်ကို အောင်စသို့ ပြောင်းရင် -
1 baht = 15.244 grams x 0.965 = 14.71046 grams ဖြစ်ပါတယ်။ အောင်စ ဆိုပါက 0.47295236 troy ounce အလေးချိန် ရှိပါတယ်။ 
ရွှေထည်ဆိုလျှင် ရွှေပါဝင်မှု ရာခိုင်နှုန်း အရ အလေးချိန် တစ်ဘတ်သည် 15.16 ဂရမ်ကျော်ပါလိမ့်မယ်။

ရောင်းဈေးက ရွှေထည်အတွက် အလေးချိန် တစ်ဘတ်ကို  32,500  ဘတ် ဖြစ်ပါတယ်။ ရွှေချောင်းက 32,000  ဘတ် ဖြစ်ကြောင်း ရွှေကုန်သည်များအသင်းက ထုတ်ပြန်ပါတယ်။
အသင်းရဲ့ ဝဘ်ဆိုက်ကို လာရောက်ကြည့်ရှုသူ များပြားလို့ ဝဘ်ဆိုက် မနိုင်မနင်း ဖြစ်တဲ့အထိ များပြားခဲ့ပါတယ်။ 

အမေရိကန်ဒေါ်လာအရ ရွှေဈေးနှုန်းက လာမယ့် ၃ လမှာ  $2,125 အထက်အထိ ရောက်ရှိလိမ့်မယ်လို့ Citigroup Inc က ခန့်မှန်းထားပါတယ်။ 


စင်ကာပူရွှေဈေးကွက်
စင်ကာပူမှာ ရွှေဈေး တစ်အောင်စ အမေရိကန်ဒေါ်လာ 2,047.05 ဖြင့် မနက်မှာ ဈေးဖွင့်ပါတယ်။ အင်္ဂါနေ့ အတက်အကျများမှာ အမြင့်ဆုံး  $2,070.44  အထိ ရောက်ခဲ့ပါတယ်။


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ  1985  ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ

.    WORLD GOLD PRICE

Banking & Loan Read 7934 times