၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက် သောကြာနေ့ ရွှေဈေးငွေဈေး


25 March, 2022

၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်  
သောကြာနေ့   ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် အရွက်ဈေး  ကျပ်  2050~2080   ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1,778.0(±0.5)   ဖြစ်ပါသည်။ 


အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2175 ကျပ်
စင်ကာပူ ဒေါ်လာ  1480 ကျပ်
မလေးရှား ရင်းဂစ်  462  ကျပ်
ထိုင်း ဘတ်  60.8 ကျပ်
ဂျပန် ယန်း  19.3 ကျပ်
တရုတ် ယွမ်  317  ကျပ်
တို့ ဖြစ်သည်။


ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး     2,063,000
နေ့လယ်ပိုင်း   2,061,000  
အပိတ်ဈေး     2,055,000

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ  1,939,000 ဝန်းကျင်ဖြစ်သည်။ 


 

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များတွင် တစ်နေ့ရောင်းရသည့်ပမာဏကို စတင်စာရင်းကောက်ယူ


ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များတွင် တစ်နေ့ရောင်းရသည့်ပမာဏကို စတင်စာရင်း ကောက်ယူလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေဆိုင်များ၏ တစ်နေ့ရောင်းရသည့် ရွှေစာရင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကို ပေးပို့ရခြင်းဖြစ်ကြောင်း၊ရွှေ အသင်းတွင် လာရောက်ရောင်းချဝယ်ယူသည့် စာရင်းကိုလည်း ပေးပို့ရလျက်ရှိကြောင်း ဦးမျိုး မြင့်က ဆက်လက်ပြောကြားသည်။

“အခုကောက်တဲ့ဆိုင်တွေကိုလည်း ကောက်နေပြီ။ ရောင်းရတဲ့ဆိုင်တွေကလည်း စည်ပင်ကို စာရင်းပို့ရတယ်။ ကျွန်တော်တို့ ရွှေအသင်းမှာလည်း ရောင်းရတဲ့ဟာကို ပို့ပေး ရတယ်။ နေ့စဉ်ရီပို့ ပုံစံမျိုးပဲပေါ့။ ဘယ်လောက် ရောင်းတယ်၊ ဘယ်လောက်ဝယ်တယ်။ ပြည်ပကိုပို့ရင်လည်း ဘယ်လောက်ပို့တယ်ပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းရွှေစျေးကွက်အတွင်း လည်ပတ်နေသည့် ရွှေအလေးချိန်များကို ကောက် ယူနေခြင်းဖြစ်ပြီး ပြည့်စုံပါက နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်သွားမည့်အခြေအနေရှိ ကြောင်း ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌအပါအဝင်၊ အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများတွေ့ဆုံရာတွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ရွှေစျေးနှုန်းတည်ငြိမ်ရေးနှင့် စျေး ကစားသူများကိုထိန်းကျောင်း အရေးယူရန် ပြည်တွင်းရွှေစျေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်သည့် စာရင်းများကောက်ယူမည် ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိစျေးကွက်အတွင်း ပြည်ပသို့ရွှေတင်ပို့မှုများရှိသော်လည်း တိကျသည့်အချက် အလက်မရှိသေးကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

“ ထိုင်းကိုပို့တယ်။ အိန္ဒိယပို့တယ်ဆိုရင် လည်း Information ပေါ့။ တို့ဆီမှာ ပို့တယ် ဆိုတာပဲရှိတယ်။ ဒေတာအသေးစိတ် မသိဘူး။ အဲဒါတွေလိုချင်တာပေါ့။ အဲဒါတွေ ဆွေးနွေး တာပါပဲ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေစျေးကွက်အတက်အကျ ထိန်းနိုင်ရန် အပြင် ကမ္ဘာ့စျေးတက်သည်ကို အကြောင်းပြု ပြီး ပြည်တွင်းရွှေစျေးနှုန်းမကျရန် လုပ်ဆောင် နေသည်များကိုလည်း အရေးယူမည်ဟု ဗဟို ဘဏ်ဒုဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ဦးမျိုး မြင့်က ပြောကြားသည်။

News-eleven.com



YGEA အထူးအစည်းအဝေး ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း Yangon Region Gold Entrepreneurs Associarion (YGEA)  အသင်းသားစိစစ်ရေး 
အထူးအစည်းအဝေးကို  မနက်ဖြန် ၂၆ မတ်လ ၂၀၂၂ စနေနေ့   နံနက်(၁၁:၀၀) နာရီအချိန်တွင် YGEA အသင်းရုံးခန်း၌ ကျင်းပပြုလုပ်မည်ရာအလုပ်အမှုဆောင်များနှင့် အသင်းဝင်များအား ဖိတ်ကြားထားကြောင်း သိရပါသည်။



ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ  1,956  ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ
.    WORLD GOLD PRICE .

Banking & Loan Read 7545 times