၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက် စနေနေ့ ရွှေဈေးငွေဈေး


26 March, 2022

၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်  
စနေနေ့   ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် အရွက်ဈေး  ကျပ်  2070~2090   ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1,778.0(±0.5)   ဖြစ်ပါသည်။ 


အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2180 ကျပ်
စင်ကာပူ ဒေါ်လာ  1480 ကျပ်
မလေးရှား ရင်းဂစ်  465  ကျပ်
ထိုင်း ဘတ်  60.9 ကျပ်
ဂျပန် ယန်း  20 ကျပ်
တရုတ် ယွမ်  318  ကျပ်
တို့ ဖြစ်သည်။



ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး      2,061,000
နေ့လယ်ပိုင်း   2,059,000    
အပိတ်ဈေး    2,058,000
    
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,937,000  ဝန်းကျင်ဖြစ်သည်။ 


 



ပြည်တွင်းရွှေ အရောင်းအဝယ်ပြုလုပ်နေသည့်စာရင်းများ စတင်ကောက်ခံ

ရွှေဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးကွက်ကစားသူများကို အရေးယူနိုင်ရန် ဗဟိုဘဏ်၏ညွှန်ကြားမှုဖြင့် ပြည်တွင်းရွှေဈေးကွက် အတွင်း ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် စာရင်းများကို စတင် ကောက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။
"အဲဒါကတော့ မြို့တော်စည်ပင်က လုပ်နေပါပြီ။ အားလုံး အဆင်ပြေပါတယ်။ ရွှေဆိုင်တွေလည်း ကောက်ပါတယ်။ ကျွန်တော် တို့အသင်းရုံးမှာလည်း ရောင်းတာ၊ ဝယ်တာတွေကို စာရင်းကောက် ပါတယ်။ တစ်ပြည်လုံးမှာ အရောင်းအဝယ်လုပ်နေတဲ့ ရွှေပမာဏအင်အားကို သိနိုင်ဖို့ပေါ့။ နောက်တစ်ခါ နိုင်ငံခြားကို ဘယ်လောက် ထွက်တယ်။ နိုင်ငံခြားကနေ ဘယ်လောက်ဝင်တယ်။ အဲဒါတွေကို အသေးစိတ်အချက်အလက်တွေ သိနိုင်ဖို့ပေါ့။ ပြီးတော့ မြန်မာ့ ရွှေဈေးကွက်ကို ကမ္ဘာ့ရွှေဈေးကွက်အတိုင်း ဖော်ဆောင်ချင်တယ်။ စာရင်းဇယားတွေ တိတိကျကျသွားမယ်။ ကျွန်တော်တို့ဘဏ်တွေထဲ ကနေ အဝင်အထွက်လုပ်မယ်နောက် Gold exchange တွေ ဘာတွေလုပ်မယ်။ အဲဒီလိုအစီအစဉ်နဲ့ ကျွန်တော်တို့စာရင်းပြုစုခိုင်း တာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
 ထို့ပြင် ရွှေနှင့်ပတ်သက်၍ အရောင်းအဝယ်လုပ်သည့် ပမာဏ စာရင်းကို ကောက်ခံမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းတွင် ကမ္ဘာ့စံချိန်မီ ဈေးကွက်တစ်ခု ဖော်ဆောင်မည်ဖြစ်သည်။
လက်ရှိရွှေဈေးကွက်တွင်ရွှေလုံလုံလောက်လောက်ရှိကြောင်းနှင့် ကမ္ဘာ့ရွှေဈေးတက်သည့်အတွက် ပြည်တွင်းရွှေဈေး တက်ခြင်း ဖြစ်သည်။ 
ထို့ပြင် ရွှေပေါက်ဈေးသည် သိန်း ၂ဝ ကျော်သို့ ရောက်နေ၍ ရောင်းသူများပြီး ဝယ်ယူသူနည်းပါးကြောင်း သိရသည်။
ယနေ့ ကမ္ဘာ့ရွှေဈေးများ တစ်အောင်စလျှင် ဒေါ်လာ ၁၉၂ဝ ဒသမ ၉၆ ရှိပြီး ပြည်တွင်း အခေါက်ရွှေဈေးမှာ ကျပ် ၂ဝ၂၇ဝဝဝ ရှိကြောင်း သိရသည်။

မြို့တော်သတင်း



ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,957  ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ
.    WORLD GOLD PRICE .

Banking & Loan Read 5807 times