၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက် အင်္ဂါနေ့ ရွှေဈေးငွေဈေး


29 March, 2022

၂၀၂၂ ခုနှစ် မတ်လ ၂၉  ရက်  
အင်္ဂါနေ့  ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် အရွက်ဈေး  ကျပ် 2060~2090   ဝန်းကျင်ဖြစ်သည်။ 
ပို့ကုန်ရငွေ Earning ဈေး  2010-2060  ဖြစ်ပါသည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1,778.0(±0.5)   ဖြစ်ပါသည်။ 


အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2180 ကျပ်
စင်ကာပူ ဒေါ်လာ  1480 ကျပ်
မလေးရှား ရင်းဂစ်  470  ကျပ်
ထိုင်း ဘတ်  61.2  ကျပ်
ဂျပန် ယန်း  20 ကျပ်
တရုတ် ယွမ်  318  ကျပ်
တို့ ဖြစ်သည်။



ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အသင်းသူ/အသင်းသားများသိရှိစေရန် သတိပေးကြေညာချက်

၁။ အသင်းကြီးအနေနှင့် အသင်းဖွဲ့စည်းမျဉ်းအခန်း(၄)ပြဋ္ဌာန်းချက်များနှင့် အညီ အသင်းဝင်လျှောက်လွှာများကို လက်ခံစိစစ်ပြီး အသိအမှတ်ပြု စိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ပါသည်။

၂။ သင်းဖွဲ့စည်းမျဉ်းအခန်း(၅) အပိုဒ်(၁၃)(ဆ-၄)တွင် “သတ်မှတ်ထား သောနှစ်စဉ်ကြေးလစဉ်ကြေးထည့်ဝင်ငွေများကို သတ်မှတ်ကာလကျော်လွန်သည့်တိုင်အောင် ပေးသွင်းမှု မရှိသဖြင့်စာဖြင့် အကြောင်းကြားတောင်းဆိုသည့်တိုင်အောင်(၃)လအတွင်း ပေးသွင်းမှုမရှိခြင်း”အခြေအနေ ပေါ်ပေါက်ပါက အသင်းဝင်အဖြစ်မှ ရပ်စဲခြင်းခံရမည်ဟူ၍ ပါရှိပါသည်။

 ၃။ အသင်းကြီး၏တာဝန်ရှိလူကြီးမင်းများအနေနှင့် အသင်းကြီးတိုးတက် ရေးစည်းမျဉ်းဥပဒေများနှင့်အညီ ရှင်သန်ရပ်တည်ရေးတို့အပြင် နိုင်ငံတော်၏ တာဝန်ရှိ အာဏာပိုင်အဖွဲ့အစည်းများမှ အခါအားလျော်စွာညွှန်ကြား၊ တောင်းဆိုသည့်အချက်အလက်များ လိုက်နာတင်ပြရေးတို့ကိုပါ ဆောင်ရွက်နေကြပါသည်ထိုကိစ္စများတွင် အသင်းသားများ၏ မှတ်ပုံ တင်စာရင်း Update ဖြစ်စေရေးအသင်းသားစိစစ်ရေးများကိုပါ အကျုံးဝင်ဆောင်ရွက်နေကြရပါသည်။

။ သို့ဖြစ်ပါ၍ အသင်းသူ/အသင်းသားတိုင်းသည် (၂၅-၄-၂၀၂၂) ညနေ (၃)နာရီကို နောက်ဆုံးထား၍ အသင်းရုံးခန်းအမှတ်(၄၂/၅၀)၊ ပထမထပ်၊ ရွှေဘုံသာလမ်းပန်းဘဲတန်းမြို့နယ်ရန်ကုန်မြို့ရှိ ရုံးထိုင်တာဝန်ရှိ ပုဂ္ဂိုလ်ထံသို့

(၁) နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(မူရင်း+ဓာတ်ပုံမိတ္တူ)

(၂) အသင်းဝင်ကတ်ပြားဟောင်း 

(၃) အမြဲတမ်းနေရပ်လိပ်စာဆက်သွယ်ရမည့်လိပ်စာ

(၄) တယ်လီဖုန်းအမှတ်နှင့် အီးမေးလိပ်စာ

(၅) (၂၅-၄-၂၀၂၂)ရက်အထိ ပေးဆောင်ရမည့်အသင်းဝင်ကြေးနှစ်စဉ်ကြေးငွေများ

 ဆက်သွယ်ပေးအပ်ကြပါရန် သတိပေး ကြေညာအပ်ပါသည်။

၅။ ပျက်ကွက်ပါက သင်းဖွဲ့စည်းမျဉ်းအခန်း(၅)အပိုဒ်(၁၃)(ဆ)ပါ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းသိစေအပ်ပါသည်။


 

ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး        2,051,000
နေ့လယ်ပိုင်း    2,050,500 
အပိတ်ဈေး      2,050,000 

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ  1,929,500  ဝန်းကျင်ဖြစ်သည်။ 


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ  1,918  ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ


.    WORLD GOLD PRICE .

Banking & Loan Read 11491 times