၂၀၂၂ ခုနှစ် မတ်လ ၈ ရက်
အင်္ဂါနေ့ ရွှေဈေးငွေဈေး
ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည်
အမေရိကန်တစ်ဒေါ်လာလျှင်
အရွက်ဈေး ကျပ် 2020~2050 ဝန်းကျင်ဖြစ်သည်။
ပို့ကုန်ရငွေ Earning ဈေး 1960- 2010 ဖြစ်ပါသည်။
ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 1,778.0(±0.5) ဖြစ်ပါသည်။
အခြားငွေကြေး ငွေလဲနှုန်းများမှာ
ယူရို ဒေါ်လာ 2150 ကျပ်
စင်ကာပူ ဒေါ်လာ 1435 ကျပ်
မလေးရှား ရင်းဂစ် 450 ကျပ်
ထိုင်း ဘတ် 60.2 ကျပ်
ဂျပန် ယန်း 17 ကျပ်
တရုတ် ယွမ် 312 ကျပ်
တို့ ဖြစ်သည်။
ဗဟိုဘဏ် ဒေါ်လာအရောင်း
၂၀၂၂ မတ်လ ၈ ရက်တွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ သိန်း ၁၅၀ ကို ပျှမ်းမျှ ငွေလဲလှယ်နှုန်း ၁၇၇၈ ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး 2,000,000
နေ့လယ်ပိုင်း 2,012,000
အပိတ်ဈေး 2,016,000
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,895,500 ဝန်းကျင်ဖြစ်သည်။
ရွှေဈေး ကောင်းသဖြင့် ထိုင်းတွင် ရွှေရောင်းချသူ များပြား
တနင်္လာနေ့ (မတ်လ ၇ ရက်) က ဘန်ကောက်မြို့တော် Yaowarat ဧရိယာရှိ ရွှေဆိုင်များတွင် ရွှေဈေးမြင့်တက်ပြီး ဈေးကောင်းရသဖြင့် ရွှေရောင်းချရန် လာရောက်ကြသူများ စည်ကားနေပြီး တန်းစီကြရသည်အထိ များပြားခဲ့သည်။ အခြားပြည်နယ်အချို့တို့တွင်လည်း ရောင်းချသူ များပြားခဲ့သည်။
ရွှေဆိုင်ပိုင်ရှင် Ekkaluck Chanawirat က "အားလုံးနီးပါးက ရောင်းဖို့လာကြတာ၊ ဝယ်ဖို့ မဟုတ်ဘူး'" ဟု bangkokpost သတင်းဗီဒီယာကို ပြောပြသည်။ ငွေပေးနိုင်ဖို့ ငွေထုပ်များ အပုံလိုက် စီစဉ်ထားရကြောင်း သူက ပြောပြသည်။
Yaowarat ဧရိယာရှိ ရွှေဆိုင်များတွင် ရွှေချောင်းဈေးနှုန်းသည် အဖွင့်ဈေး ဝယ်ဈေး အလေးချိန် တစ်ဘတ်လျှင် ၃၀,၆၀၀ ဘတ်အထိ မြင့်တက်သည်။ ရောင်းဈေးမှာ ၃၀,၇၀၀ ဘတ်ဖြစ်သည်။
ရွှေထည် အဖွင့်ဈေး ဝယ်ဈေး ၃၀,၀၄၇.၁၂ ဘတ်နှင့် ရောင်းဈေး ၃၁,၂၀၀.၀၀ ဘတ် ဖြစ်သည်။
ယူကရိန်းစစ်ပွဲ ဆက်လက်ကြာမြင့်နေခြင်းနှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ အားပျော့နေခြင်းကြောင်း ထိုင်းပြည်တွင်းရွှေဈေးကွက်တွင် ရွှေဈေးများ ဆက်လက်မြင့်တက်နေဦးမှာ ဖြစ်ကြောင်း ထိုင်း ရွှေကုန်သည်များအသင်း Gold Traders Association ဥက္ကဋ္ဌ Jitti Tangsitpakdee က တနင်္လာနေ့ (မတ်လ ၇ ရက်) က ပြောကြားသည်။
တစ်နေ့တာအတွင်း အတက်အကျ အပြောင်းအလဲ ၁၀ ကြိမ် ဖြစ်ပွားခဲ့သည်။
ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 2,015 ဝန်းကျင်ရှိပါသည်။
ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ