၂၀၂၂ ခုနှစ် မေလ ၂၀ ရက် သောကြာနေ့ ရွှေဈေးငွေဈေး


20 May, 2022

၂၀၂၂ ခုနှစ် မေလ ၂၀ ရက်  
သောကြာနေ့ ရွှေဈေးငွေဈေး


 

ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး  ကျပ် 2025~2040  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1850 (± 3)ဖြစ်ပါသည်။ 
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2160 ကျပ်
စင်ကာပူ ဒေါ်လာ  1495 ကျပ်
မလေးရှား ရင်းဂစ်  465  ကျပ်
ထိုင်း ဘတ်  60.8 ကျပ်
ဂျပန် ယန်း   17.5 ကျပ်
တရုတ် ယွမ်  320 ကျပ်
တို့ ဖြစ်သည်။


ဆိုင်မရှိ လိုင်စင်မဲ့ ရွှေရောင်းသူ ၇ ဦး ခေါ်ယူစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်


"ရွှေဆိုင်ပိုင်ရှင်မဟုတ်တဲ့ ရွှေပွဲစား အချို့ဟာ ရွှေလုပ်ငန်ရှင်များ အသင်းရုံးမှာ ရောင်းဝယ်ခြင်းမပြုဘဲနဲ့  လမ်းဘေးမှာ အမှန်တကယ်ဖြစ်သင့်တဲ့စျေးထက်ပိုပြီး စျေးခေါ် ရောင်းချခဲ့တဲ့အတွက် ရွှေစျေးနှုန်းတွေမြင့်တက်ခဲ့ရပါတယ်။ ဒါ ကြောင့်ရွှေစျေးနှုန်း တွေဆက်လက်မြင့်တက် မှုမရှိစေရေး ရွှေစျေး နှုန်းတည်ငြိမ်စေရေး အတွက်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်းရွှေစျေးကွက်မှာ စျေးနှုန်းအဆမတန် မြင့်တက်မှုမရှိစေရေး ကမောက်ကမ မဖြစ်စေရေး ဖြစ်သင့်သည့် စျေးထက် ပိုမိုရောင်းဝယ်မှုမရှိစေရေးအတွက် ရွှေရောင်းဝယ်မှုများကို ရွှေလုပ်ငန်းရှင်များ အသင်းရုံး၌သာ ရောင်းဝယ်ခြင်းပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ စည်းကမ်းချက်နဲ့မကိုက်ညီတဲ့လုပ်ကိုင်နေတဲ့ လိုင်စင်လဲမရှိ လုပ်ကိုင်နေတဲ့ ခုနစ်ဦးကို ခေါ်ယူစစ်ဆေး လျက်ရှိကြောင်း အသိပေးလိုပါတယ်”


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း (YGEA) က  မနက်ပိုင်း  ၁၀:၀၀ နာရီတွင် ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးမှာ 2,045,000 ဖြစ်ပြီး မွန်းလွဲပိုင်း ၂:၃၀ နာရီတွင် ထုတ်ပြန်သည့် အပိတ်ဈေးမှာလည်း 2,045,000  ဖြစ်ပါသည်။ 

ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေးနှုန်းမှာ 2,052,000  ဝန်းကျင်ဖြစ်ပါသည်။ 
  
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,931,000  ဝန်းကျင်ဖြစ်ပါသည်။ 

ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ  1846  ဝန်းကျင်ရှိပါသည်။


ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ  

.    WORLD GOLD PRICE

 

 

Banking & Loan Read 14838 times