၂၀၂၂ ခုနှစ် မေလ ၄ ရက် ဗုဒ္ဓဟူးနေ့ ရွှေဈေးငွေဈေး


04 May, 2022

၂၀၂၂ ခုနှစ် မေလ ၄ ရက်  
ဗုဒ္ဓဟူးနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး  ကျပ် 2000~2030  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1850 (± 3)ဖြစ်ပါသည်။ 
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2160 ကျပ်
စင်ကာပူ ဒေါ်လာ  1480 ကျပ်
မလေးရှား ရင်းဂစ်  465  ကျပ်
ထိုင်း ဘတ်  60.3  ကျပ်
ဂျပန် ယန်း   18.5 ကျပ်
တရုတ် ယွမ်  320 ကျပ်
တို့ ဖြစ်သည်။


ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေရေး ဆွေးနွေး

စျေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး အတွက် မေလ(၄)ရက်နေ့ မနက်ပိုင်းက
ရွှေကုန်သည်ကြီးများနှင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသက်း  YGEA တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ၌  ပေါ်ထွက်ခဲ့သည့်  ဆုံးဖြတ်ချက် (၅) များအား ဖော်ပြအပ်ပါသည်။

ဆုံးဖြတ်ချက်များ

ဆုံးဖြတ်ချက် (၁)။ ။ 
ရွှေဈေးကွက်တွင် ရွှေကုန်ကြမ်းပြတ်လတ်မှုမရှိရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကိုဆောင်ရွက်ရန်။

ဆုံးဖြတ်ချက် (၂)။ ။ 
ရွှေဆိုင်နှင့်ရွှေကုန်သည်များမှ YGEA ရွှေဈေးနှုန်း ၏ (၅၀၀၀) ပေါင်းထည့်၍ ရောင်းဝယ် ခြင်းကို ဆောင်ရွက်ရန်။

ဆုံးဖြတ်ချက် (၃)။။ 
ဗဟိုဘဏ်မှ ရွှေရောင်းချပေးရေးအတွက် တင်ပြရန်။

ဆုံးဖြတ်ချက် (၄)။။ ရွှေတွင်းလိုင်စင်ရှိပုဂ္ဂိုလ်များနှင့်ဆက်သွယ်၍ ရွှေဝယ်ယူမှုကိုဆောင်ရွက်ရန်။

ဆုံးဖြတ်ချက် (၅)။ ။ နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည်နယ်အသင်းများနှင့် ဆက်သွယ်၍ တားဆီးဆောင်ရွက်ရန်။


ယနေ့ ရန်ကုန်ရွှေဆိုင်များတွင် အလျော့တွက်ပါသည့် ရွှေထည်လက်ဝတ်လက်စားများကိုသာ ရောင်းချကြပါသည်။ 


ရွှေဆိုင်နှင့် ရွှေကုန်သည်များ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့်ရွှေဈေးအပေါ် ၅၀၀၀ ကျပ် ပေါင်းပြီးသာ အရောင်းအဝယ်ပြုလုပ်ရမည်

ရွှေဆိုင်နှင့် ရွှေကုန်သည်များအနေဖြင့် ရွှေဈေးနှုန်းများအား ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့်ရွှေဈေးအပေါ် ၅၀၀၀ ကျပ် ပေါင်းပြီးသာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ မေ ၄ ရက်တွင် ပြောကြားသည်။ဦးမျိုးမြင့် က “ကျွန်တော်တို့ အသင်းအနေနဲ့ ရွှေဈေးနှုန်းကို ထုတ်ပြန်တဲ့အခါ ကမ္ဘာ့ရွှေဈေးရယ်၊ ပြည်တွင်းဒေါ်လာဈေးရယ်ပေါ်အခြေခံပြီး တွက်ချက်ပါတယ်။ ဒေါ်လာပေါက်ဈေးကို ကြတော့ ဗဟိုဘဏ်ပေါက်ဈေးနဲ့ Earning ပေါက်ဈေးကြားထဲက ဈေးနှုန်းနဲ့ တွက်ပါတယ်။ ရွှေဈေးကို ဈေးကစားတာတွေ မလုပ်ရအောင် ထိန်းကျောင်းလိုက်တဲ့ သဘောပါပဲ။’’ ဟု ပြောသည်။

ယနေ့ မေ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက တစ်ကျပ်သားလျင် ၁,၉၈၉၃,၀၀၀ ဖြင့်ဈေးဖွင့်ခဲ့ပြီး၊ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၈၆၅ အမေရိကန်ဒေါ်လာ ပေါက်ဈေးရှိကြောင်း သိရသည်။

ဦးမျိုးမြင့်က “ရွှေဝယ်ယူမယ့် သူတွေက အဆင်ပြေပါတယ်။ရွှေကုန်ကြမ်း အနေနဲ့ကတော့ နှစ်စဉ် ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လ က ရေကြီးတယ်။ ရွှေတွင်းတွေက ပြိုတယ်။ ပျက်တယ်။ အဲဒီလတွေကတောထဲက ရွှေတွေကထွက်မလာဘူး။ အဲဒီ ၃ လမှာ ရွှေဈေး ကွက်မှာ ရွှေမပျက်ရအောင် ဗဟိုဘဏ်ကလည်း ရွှေထုတ်ရောင်းမယ်။ နိုင်ငံခြားကနေ ရွှေဝယ်ယူခွင့် ဆောင်ရွက်ပေးမယ်။ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်တွေကိုလည်း ကျွန်တော်တို့ တတ်နိုင်သမျှ တားပေးမှာပါ’’ ဟု ဦးမျိုးမြင့်ကဆက်ပြောသည်။

လက်ရှိတွင် ရွှေဈေးကွက်၌ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။၂၉ လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ အသင်းက ဈေးနှုန်းသတ်မှတ်ပေးသလို လိုအပ်တဲ့ ရွှေကုန်ကြမ်းကို လိုချင်သလောက် ရောင်းပေးနိုင်ရင်တော့ ဆိုင်ရှင်တွေ အတွက် အဆင်ပြေသွားမှာပါ’’ ဟု ဆင်ဟွာသို့ ယနေ့ မေ ၂၄ ရက်တွင် ပြောကြားသည်။

(Xinhua)


ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး   
မနက်         1,989,300    
နေ့လယ်     1,993,000
ညနေ         1,993,000
                
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ   1,883,000 ဝန်းကျင်ဖြစ်ပါသည်။ 


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,865  ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ
.    WORLD GOLD PRICE .

Banking & Loan Read 8581 times