၂၀၂၂ ခုနှစ် မေလ ၇ ရက်   စနေနေ့ ရွှေဈေးငွေဈေး


07 May, 2022

၂၀၂၂ ခုနှစ် မေလ ၇ ရက်  
စနေနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး  ကျပ် 2000~2030  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1850 (± 3)ဖြစ်ပါသည်။ 
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2160 ကျပ်
စင်ကာပူ ဒေါ်လာ  1475 ကျပ်
မလေးရှား ရင်းဂစ်  460  ကျပ်
ထိုင်း ဘတ်  60 ကျပ်
ဂျပန် ယန်း   18.5 ကျပ်
တရုတ် ယွမ်  320 ကျပ်
တို့ ဖြစ်သည်။



ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး   2,013,000   ဝန်းကျင်ဖြစ်ပါသည်။ 
                
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ  1,925,000 ဝန်းကျင်ဖြစ်ပါသည်။ 

ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1884 ဝန်းကျင်ရှိပါသည်။


မြန်မာရွှေဈေးကွက်  ရွှေအတုံး၊ အကျစ်ထည်တွေ အရောင်းရပ်ထား

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ရွှေဆိုင်အတော်များများမှာ ရွှေအတုံး၊ အကျစ်ထည်တွေ ဒီရက်ပိုင်းထဲ အရောင်းရပ်ထားပြီး၊ အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုသာ ရောင်းချပေးနေပါတယ်

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ရွှေဆိုင်အတော်များများမှာ ရွှေအတုံး၊ အကျစ်ထည်တွေ ဒီရက်ပိုင်းထဲ အရောင်းရပ်ထားပြီး၊ အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုသာ ရောင်းချပေးနေပါတယ်။ ရွှေဝယ်ယူသူတွေကတော့ ဈေးကွက်ထဲမှာ ကိုယ်လိုချင်သလို ဝယ်မရဖြစ်နေတဲ့ အခြေအနေအပေါ် ညည်းတွားနေကြပါတယ်။

ရန်ကုန်မှာရှိတဲ့ ရွှေဆိုင်အားလုံးနီးပါးမှာ ရွှေအတုံး၊ အကျစ်ထည်တွေကို ဒီရက်ပိုင်းထဲ အရောင်းရပ်ထားပြီး၊ အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုပဲ ရောင်းချပေးနေတာပါ။ ရန်ကုန်က ရွှေဆိုင်ကြီးတခုမှာတော့ ဧပြီလ ၆ ရက် သောကြာနေ့အထိ အခုလို အရောင်းရပ်ထားတယ်လို့ ပြောပါတယ်။

"အကျစ်ထည်က လောလောဆယ်မှာ ပစ္စည်းလည်းမရှိသေးတာမို့လို့ အရောင်းအတွက် မဖွင့်ထားဘူးရှင့် ဈေးတွေက။ အခေါက်ရွှေ အလျော့တွက်ပါတဲ့ အထည်ဆိုရင် ၂,၀၀၆,၀၀၀ ဝန်းကျင်လောက်ပါရှင့်။"

အတုံး၊ အခဲနဲ့ အကျစ်ထည်တွေကို အရောင်းရပ်ထားပေမယ့်လည်း အလျော့တွက်ပါတဲ့ အထည်တွေကိုတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးထက် အနည်းဆုံး ကျပ် ၅,၀၀၀ ခွာပြီး အရောင်းအဝယ်ပြုလုပ်တာတွေ ရှိနေပါတယ်။ မန္တလေးက လူသိများတဲ့ ရွှေဆိုင်မှာဆိုရင်လည်း အလျော့တွက်မပါတဲ့ အခေါက်ရွှေဝယ်ယူချင်သူ များနေပေမယ့်လည်း ရွှေဆိုင်ဘက်ကတော့ အခုချိန်ထိ အရောင်းရပ်ထားတုန်းပါ။

" ဖေရွှဈေးကတော့ အပြောင်းအလဲတော့ ရှိတယ်၊ (အလျော့တွက်ပါတဲ့) အထည်ဈေးပြောတာပါ။ အပိုင်းတွေကတော့ လောလောဆယ် မရသေးဘူး။"

အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းဟာ မေလ ၆ ရက် သောကြာနေ့မှာ တကျပ်သားကို ကျပ် သိန်း ၂၀ နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ နေပြည်တော်က ရွှေဆိုင်တခုမှာတော့ သောကြာနေ့ နေ့လည်ခင်းဈေးကို တကျပ်သား ကျပ်သိန်းနှစ်ဆယ်ငါးထောင်နဲ့ အလျော့တွက်ပါ အထည်တွေကိုသာ အရောင်းအဝယ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

"ကျနော်တို့က အထည်လေးတွေပဲ ရောင်းပေးတယ်ခင်ဗျ။ အခုက ဖြတ်စလေးတွေ၊ အပိုင်းလေးတွေကိုတော့ မရောင်းသေးဘူး ခင်ဗျ။ အထည်ကတော့ ၂,၀၀၅,၀၀၀ ဝန်းကျင်နဲ့ ရောင်းပေးနေပါတယ်။ နေပြည်တော်နဲ့ မန္တလေးကတော့ ဈေးတူပါတယ်။"

ဈေးကွက်ထဲမှာ ရွှေထည်တွေကို အခုလို အကန့်အသတ်နဲ့ သတ်မှတ်ရောင်းချနေတာက ရွှေဆိုင်တွေဘက်က ဈေးပြန်စောင့်တဲ့ သဘောဖြစ်နိုင်တယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

"အဲဒါတော့ ကျနော်တို့ အသေးစိတ်တော့ မသိဘူးဗျ။ တချို့ဆိုင်တွေလည်း ရောင်းပေးနေပါတယ်။ တချို့ကျတော့လည်း ဈေးအမြင့်နဲ့ လုပ်ထားတဲ့ဟာတွေက ဈေးကိုပြန်စောင့်တဲ့ သဘောပါပဲ။ ရွှေက နေ့စဉ်ရောင်းတဲ့ဝယ်တဲ့ဟာက တခုရှိတယ်။ တချို့ကျတော့လည်းဝယ်ပြီး ဈေးစောင့်ပြီးတော့ ပြန်ရောင်းတာရှိတယ်ပေါ့။ ဥပမာ - နိုင်ငံခြားကသွင်းတယ် ဆိုရင်လည်း ဒီပြန်ရောက်ရင် ချက်ချင်းရောင်းလို့မရဘူး။ တခါတလေကျတော့ ဗမာပြည်ထဲရောက်လာရော ကိုယ်သွင်းတဲ့ဈေးထက် နိမ့်နေရော။ အဲတော့ တခါ ဈေးပြန်စောင့်ပေါ့။ စောင့်ပြီးတော့ တရက် နှစ်ရက်နေရင် တူး၊ ကိုယ်ကြိုက်တဲ့ဈေးရရင် ပြန်ရောင်းကြတာပေါ့။ ဈေးစောင့်ရောင်းတာပါ၊ အဲဒါကတော့။"

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဘဏ်စနစ်အပေါ် ယုံကြည်မှုကျဆင်းနေချိန် ငွေကြေးတတ်နိုင်သူတွေက ရွှေနဲ့ အိမ်ခြံမြေလို တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ယူစုဆောင်းနေကြတာပါ။ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၂၀ ပတ်ချာလည်မှာ ရှိနေပြီး ဈေးကွက်မတည်ငြိမ်ပေမယ့်လည်း ရွှေဝယ်ယူစုဆောင်းချင်သူ တချို့ကတော့ အခုရက်ပိုင်းအတွင်း ရွှေဆိုင်တွေမှာ စိတ်ကြိုက်ဝယ်ယူနိုင်ဖို့အတွက် တန်းစီစောင့်ဆိုင်းရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့လည်း သိရပါတယ်။ ငွေပြန်ဖော်ဖို့အတွက် ပြန်ရောင်းချင်သူတွေအတွက်လည်း ဈေးနှုန်းမတည်ငြိမ်ဖြစ်နေတဲ့ အချိန်ကာလမှာ အရောင်းအဝယ်လုပ်ဖို့ကို တုန့်ဆိုင်းနေကြပါတယ်။

ဗီအိုအေ


ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ

.    WORLD GOLD PRICE .


 

Banking & Loan Read 11538 times