၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက် သောကြာနေ့ ရွှေဈေးငွေဈေး


18 March, 2022

 

၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်  
သောကြာနေ့   ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင်
အရွက်ဈေး  ကျပ် 2030~2050 ဝန်းကျင်ဖြစ်သည်။ 
ပို့ကုန်ရငွေ Earning ဈေး  1980~2025  ဖြစ်ပါသည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1,778.0(±0.5)   ဖြစ်ပါသည်။ 

အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2160 ကျပ်
စင်ကာပူ ဒေါ်လာ  1455 ကျပ်
မလေးရှား ရင်းဂစ်  455  ကျပ်
ထိုင်း ဘတ်  60.3 ကျပ်
ဂျပန် ယန်း  17.9 ကျပ်
တရုတ် ယွမ်  312  ကျပ်
တို့ ဖြစ်သည်။



ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး      2,023,000
နေ့လယ်ပိုင်း   2,022,000
အပိတ်ဈေး     2,018,000

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,899,500 ဝန်းကျင်ဖြစ်သည်။ 


မြန်မာ့ရွှေဈေး တကျပ်သား ကျပ်သိန်း ၂၀ ကျော်ထိ ဈေးတက် 

မြန်မာနိုင်ငံမှာ အခေါက်ရွှေ တကျပ်သားကို ကျပ်သိန်း ၂၀ ကျော်အထိ ဒီကနေ့ ဈေးတက်သွားပါတယ်။ မြန်မာနိုင်ငံထဲမှာ ငွေစက္ကူအတုတွေ လည်ပတ်နေတယ်ဆိုတဲ့သတင်းတွေထွက်နေတာကြောင့် ရွှေဈေးတက်ပေမယ့် ရွှေဝယ်သူတွေ အခုရက်ပိုင်း များလာတယ်လို့ ရွှေလုပ်ငန်းရှင်အသင်းက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်းနဲ့ ရန်ကုန်ကလာတဲ့သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၁၇ ရက် ကြာသပတေးနေ့က အခေါက်ရွှေ တကျပ်သားကို ၂,၀၁၆,၀၀၀ ကျပ်အထိ ဈေးတက်ခဲ့ပါတယ်။ မတ်လ ၁၆ ရက်က ရန်ကုန်မှာ အခေါက်ရွှေ ၁ ကျပ်သားဈေး ၁၉ သိန်း ၉ သောင်းခွဲရှိခဲ့ရာက သိန်း ၂၀ ကျော်ဖြစ်သွားခဲ့တာပါ။ ကမ္ဘာ့ရွှေဈေးတက်နေသလို ရွှေဝယ်သူများလာတဲ့အတွက် မြန်မာ့ရွှေဈေး တက်လာတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ ဦးမျိုးမြင့်က ဗွီအိုအေကိုပြောပါတယ်။

“ကမ္ဘာ့ရွှေဈေးလည်း ပြန်တက်လာတယ်ဗျ။ ကမ္ဘာ့ရွှေဈေးလည်း ၁,၉၀၀ ကျော်ကျော်ကနေပြီးတော့ ၁,၉၃၀ ကျော်၊ ကမ္ဘာ့ရွှေဈေး လည်း ၂၀ လောက် တက်တယ်ပေါ့။ ဒေါ်လာဈေးကတော့ ပုံမှန်အတိုင်းပါပဲ။ ကောလဟာလထွက်တာကြောင့်လည်း ပါပါတယ်ဗျ။ ကောလဟာလကြောင့် အဝယ်နည်းနည်းလိုက်တယ်ပေါ့။ အဝယ်လိုက်လာတော့ ဆိုင်တွေမှာ တိုကင်နဲ့တန်းစီပြီးတော့ ဝယ်တဲ့ စနစ်တောင် ဒီညနေ ပြန်ဖြစ်နေတယ်။”

မြန်မာနိုင်ငံထဲမှာ ငွေစက္ကူအတုတွေ ပျံ့နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရွှေဝယ်သူတွေ များလာနေတာဖြစ်ပါ တယ်။ ဗဟိုဘဏ်ဘက်ကတော့ ဒီလို ငွေစက္ကူအတု ပျံ့နေတယ်ဆိုတာနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်း လွှင့်သူတွေကို အရေးယူသွားမယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ ရွှေဝယ်သူများလာတာက ငွေစက္ကူအတုတွေ ရှိနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြောင့်ဖြစ်တယ်လို့ ဦးမျိုးမြင့်ကပြောပါတယ်။

“ရောင်းတဲ့သူဘက်ကလည်း သူ့ရှိတာ သူရောင်းပေးနေတာပဲ။ ရောင်းတော့ ရောင်းပေးနေပါတယ်။ ဆိုင်တွေမှာ ပြတ်အောင်တော့ မဖြစ်သေးပါဘူး။ ကောလဟာလကြောင့်သာ အခုကဝယ်နေတာ။ ကျနော်တို့ဆီမှာတော့ ကုန်ပစ္စည်းက အလုံအလောက်ရှိပါ တယ်ဗျ။ အရင်လိုတော့ ဝုန်းဒိုင်းကျဲပြီးတော့ တက်တာဘာညာ မရှိနိုင်ပါဘူး။ ကောလဟာလကလည်း ဗဟိုဘဏ်က ထုတ်ရှင်း တယ်ပေါ့။ ရှင်းတော့ လူတွေရဲ့စိတ်ကလည်း တမျိုးတမည်ဖြစ်တာပေါ့လေ။ ရှိတဲ့သူကျတော့လည်း တခါ ပိုက်ဆံထုတ်ပြီး ဝယ်ကြပြန်ရော။”

ကမ္ဘာ့ရွှေဈေးကြောင့် မတ်လ ၈ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံမှာ ရွှေဈေး ၁ ကျပ်သားကို ကျပ်သိန်း ၂၀ ကျော်အထိ ဖြစ်ခဲ့ဖူး ပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၃၁ နဲ့ ၁,၉၃၆ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်နေပါ တယ်။ ကမ္ဘာ့ရွှေဈေးက အကျဘက်ကို ဦးတည်နေပေမယ့် မြန်မာ့ရွှေဈေးကတော့ ကျပ် သိန်း ၂၀ ကျော် ဝန်းကျင်မှာပဲ ဆက်ရှိ နေနိုင်တယ်လို့ ရွှေဈေးကွက်လေ့လာသူ မချောစုက ပြောပါတယ်။

“ဈေးတွေကတော့ ပြန်ကျမယ်လို့တော့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ရွှေကလည်း အခု နည်းနည်းလေးပြန်ကျနေတယ်။ မြန်မာ့ရွှေကတော့ ၂၀ ကျော်အနေအထားပဲ၊ ပုံမှန်လေးပဲ သွားနေဦးမယ်လို့ ထင်တယ်။ ကမ္ဘာ့ရွှေကတော့ မနေ့ကဆိုရင် ၁,၈၉၂ လောက်အထိကို ပြုတ်ဆင်းသွားတယ်။ ၁,၈၉၂ လောက်အထိကို ပြုတ်ဆင်းသွားပြီးတော့မှ ပြန်တက်သွားတာပေါ့နော်။ အဲလို အနေအထားမျိုးလေး ဖြစ်နေတာ။ အဲလိုဆိုတော့ ကမ္ဘာ့ရွှေကတော့ ကျမယ်လို့တော့ထင်တယ်။”

မြန်မာနိုင်ငံမှာ ဘဏ်စနစ်အပေါ် ယုံကြည်မှုကျဆင်းနေချိန် ငွေကြေးတတ်နိုင်သူတွေက ရွှေနဲ့ အိမ်ခြံမြေလို တန်ဖိုးကြီးပစ္စည်း တွေ ဝယ်ယူ စုဆောင်းနေကြပါတယ်။ အခုလည်း ငွေစက္ကူတွေအပေါ် ယုံကြည်မှု ပိုနည်းလာပုံရတဲ့အတွက် ရွှေဈေးတက်နေ ချိန်မှာတောင် ရွှေဝယ်သူတွေများနေတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေပါတယ်။


voanews.


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,936 ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ

.    WORLD GOLD PRICE .


 

Banking & Loan Read 10174 times