ဒေါ်လာထိန်းချုပ်မှုမှ ကင်းလွတ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုဘဏ် ညွှန်ကြားချက် ထုတ်ပြန်


21 April, 2022

ဒေါ်လာထိန်းချုပ်မှုမှ ကင်းလွတ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုဘဏ် ညွှန်ကြားချက် ထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၂ဝ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် စာအမှတ်အက်ဖ်အီး - ၁/၆၉  ညွှန်ကြားချက်ကို ဖော်ပြအပ်ပါသည်။ 



အကြောင်းအရာ။ . မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ကိစ္စ

ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂/၂၀၂၂)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းချက်ပါစာဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ၊ အပိုဒ် (၃) အရ ကင်းလွတ်ခွင့်ပြုရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် ( ၄/၂၀၂၂ ) တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေး အမှတ်စဉ် ( ၄/၂၀၂၂ ) ၏ ဆွေးနွေးဆုံးဖြတ်ချက်များအရ အောက်ဖော်ပြပါကိစ္စရပ်များသည် ရည်ညွှန်းချက်ပါစာဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) တွင် အကျုံးဝင်ပါဝင်ခြင်းမရှိကြောင်း အကြောင်းကြားပါသည်

(က) . မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

( ခ ) အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ

( ဂ ) မြန်မာနိုင်ငံနှင့် သံတမန်ထူထောင်ထားပြီး၊ မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ် ထားရှိသော ပြည်ပနိုင်ငံမှ သံတမန်များ၊ မိသားစုဝင်များနှင့် အဆိုပါသံရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သံတမန်နှင့် အလားတူအဆင့်ရှိသည့် သံအဖွဲ့ မှုထမ်းစုတွင်ပါဝင်သည့် နိုင်ငံခြားသားဝန်ထမ်းများ၊

(ဃ) မြန်မာနိုင်ငံအတွင်းရှိကုလသမဂ္ဂအဖွဲ့အစည်းနှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများနှင့် ကုလသမဂ္ဂဝန်ထမ်း (laissez-passer) ခရီးသွားလက်မှတ် ကိုင်ဆောင်ထားသောမြန်မာနိုင်ငံသားများ၊

( င ) ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်အကူအညီပေးရေး ဆောင်ရွက်နေ သည့် ဖွံ့ဖြိုးရေးအေဂျင်စီ ( Development Agencies ) များရှိ နိုင်ငံခြားသား ဝန်ထမ်းများ

( စ ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (ဥပမာ- ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့စသည်)INGO နှင့် Development Agencies များ (ဥပမာ- TICA, JICA) မှ သံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်း များ၊

(ဆ) နိုင်ငံပိုင်/ နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ။

၃။ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များအနေဖြင့် အထက်အပိုဒ် (၂) ပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) တွင် အကျုံးဝင်ပါဝင်ခြင်း မရှိသည့် အဖွဲ့အစည်းများ၊ လုပ်ငန်းများအတွက် နိုင်ငံခြားငွေနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်ပေးရာတွင် အပိုဒ် (၂) ပါ အဖွဲ့အစည်း၊ လုပ်ငန်းများဖြစ်ကြောင်း သက်ဆိုင်ရာ စာရွက် စာတမ်းအထောက်အထားများရယူ၍ ဖောက်သည်အား သေချာစွာသိရှိခြင်း (Know Your Customer KYC) နှင့် ဆက်သွယ်ဆောင်ရွက်သူအား အလေးထားစိစစ်ခြင်း (Customer Due Diligence - CDD) တို့အား သေချာစွာဆောင်ရွက်၍ မှန်ကန်မှသာ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ ဆောင်ရွက်မှု များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရန်နှင့် မှတ်တမ်းထားရှိရန် လိုအပ်ပါသည်။ ချို့ယွင်းပျက်ကွက်မှုများရှိပါက ဘဏ်၏ တာဝန်သာဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။

Banking & Loan Read 765 times