နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၁၀ ဝန်းကျင်  ရောက်ရှိ


11 September, 2021

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် စက်တင်ဘာ ၁၁ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီးး နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၂၀၁၀ ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။ 

ပြည်တွင်းရှိနိုင်ငံခြားငွေ ဝယ်ရောင်းကောင်တာများကို ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာ ၁၇၄၆ ကျပ် ဝန်းကျင် စျေးသတ်မှတ်ထားသော်လည်း လက်တွေ့ဝယ်ရောင်း စျေးကွက်တွင်မူ တစ်ဒေါ်လာ ၁၉၈၀-၂၀၁၀ ကြား ဈေးပေါက်တယ်လို့ သိရပါတယ်။ အဲဒီလို ဈေးပေါက်နေသော်လည်း ဝယ်ယူလို့မရတဲ့ အခြေအနေအထိ ဖြစ်နေပါတယ်။

ပြင်ပဈေးကွက်မှာအမေရိကန် ဒေါ်လာငွေလဲနှုန်းတစ်ဒေါ်လာကို မြန်မာငွေ ၂၀၀၀ ကျပ်ကျော်အထိ  ဒီကနေ့ စက်တင်ဘာ ၁၁ ရက် ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာငွေလဲနှုန်းအတွက် တစ်ဒေါ်လာကို ၁၇၃၄ ကျပ်နဲ့ သတ်မှတ်ပေးခဲ့ပေမယ့် ပြင်ပဈေးကွက်မှာတော့ ငွေကျပ် ၃၀၀ကျော်ဈေးကွာဟမှုရှိနေတာပါ။ ဒါဟာ ပြင်ပဈေးကွက်မှာ အမြင့်ဆုံးငွေလဲနှုန်းထားဖြစ်နေပြီး ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ဒေါ်လာ ပြန် ရောင်းတဲ့သူ မရှိဘူးလို့ ငွေလဲကောင်တာတွေကပြောပါတယ်။

မြန်မာငွေတန်ဖိုးကျဆင်းတာကြောင့် ဒေါ်လာဝယ်စုသူများလာပြီး ဒေါ်လာ ငွေလဲလှယ်နှုန်းမြင့်တက်တာဖြစ်သလို ပြည်တွင်းကနေ ပို့ကုန်တင်ပို့နိုင်မှုလျော့ကျတာ၊ နောက် တရုတ် - မြန်မာနယ်စပ် လချီပိတ်ထားရတာ၊ ကိုဗစ်ကြောင့် နိုင်ငံခြားကနေ ဆေးဝါးနဲ့ အခြား ဆက်စပ်ပစ္စည်းတွေ တင်သွင်းမှု များခဲ့တာကြောင့် ဒေါ်လာလိုအပ်ချက်များပြီး ဈေးကွက်မှာ ဝယ်လိုအား မြင့်တက်နေပါတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။ 

ရန်ကုန်  အခေါက်ရွှေ တစ်ကျပ်သားကို ၁၈သိန်း ၄သောင်း ၅ထောင်ကျပ်နဲ့ ဈေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။ 
 

Banking & Loan Read 2271 times