နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၉၀၀ ဝန်းကျင်ရှိနေ


09 September, 2021

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် စက်တင်ဘာ ၉ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင်  ဖြစ်ပေါ်ပြီးပြည်တွင်း  စျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၁၉၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရှိနိုင်ငံခြားငွေ ဝယ်ရောင်း ကောင်တာများတွင် အမေရိကန်တစ်ဒေါ်လာ  ၁၇၃၈ ဝန်းကျင်စျေး သတ်မှတ်ထားသော်လည်း  လက်တွေ့ ဝယ်ရောင်း စျေးကွက်တွင်မူ တစ်ဒေါ်လာ ၁၈၈၀ မှ ၁၉၀၀ ဝန်းကျင်တွင် အရောင်းအဝယ်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်း ကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ် တွင် ၉၀ ဒသမ ၉၃ ပွိုင့် ၊ ဧပြီတွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ မေတွင် ၉၁ ဒသမ ၉၂ ပွိုင့်၊ ဇွန်တွင် ၉၀ ဒသမ ၉၂   ပွိုင့်ဝန်း၊ ဇူလိုင် တွင် ၉၁ ဒသမ ၉၂ ပွိုင့်ဝန်းကျင်ရှိခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများ မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ် တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင်၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင် ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါ ရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ၉ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု  နှုန်းထားများမှာ ယူရို၂၀၂၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၂ဝကျပ်၊ မလေးရှားရင်းဂစ် ၄၀၈ ကျပ်၊ ထိုင်းဘတ် ၅၆ ကျပ်တို့ ဖြစ်သည်။


၂၀၂၁ ခုနှစ် သြဂုတ် ၁၂ ရက်တွင် မြန် မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေး ပြိုင်လေလံဖြင့် ဒေါ်လာနှစ်သန်းခွဲထပ်မံ ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်း မှာ တစ်ဒေါ်လာလျှင် ကျပ် ၁၆၅၀ ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

သြဂုတ်လအတွင်း နိုင်ငံခြားငွေစျေး ပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် သြ ဂုတ် ၂  ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက်တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက် တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၉ ရက်တွင် ဒေါ်လာ နှစ်သန်းခွဲ၊ သြဂုတ် ၁၂ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ် နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့် တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေ လုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီး မားခြင်းကိုလျော့နည်းစေရန်နှင့် နိုင်ငံတော် ၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အထည်ဖော်ရန် စည်း မျဉ်းအခြေခံသည့် နိုင်ငံ ခြားငွေစျေးပြိုင်လေ လံအား ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက်စည်း မျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆို ပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင် ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင် ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်းလိုင်စင် (Authorized Dealer AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ် နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

news-eleven.com

Banking & Loan Read 1371 times