၂၀၂၂ ခုနှစ် ဇန်နဝါရီလ၂၇ ရက် ကြာသပတေးနေ့ ရွှေဈေးငွေဈေး


27 January, 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီလ၂၇ ရက် 

ကြာသပတေးနေ့  ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင်
အရွက်ဈေး  ကျပ်  1980~2000 ဝန်းကျင်ဖြစ်သည်။ 
ပို့ကုန်ရငွေ Earning ဈေး 1940~1980  ဖြစ်ပါသည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1,778.0(±0.5)   ဖြစ်ပါသည်။ 

အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2120 ကျပ်၊ 
စင်ကာပူ ဒေါ်လာ  1418 ကျပ်၊ 
မလေးရှား ရင်းဂစ်  445 ကျပ်၊ 
ထိုင်း ဘတ်   59.5 ကျပ်၊ 
ဂျပန် ယန်း   16.4 ကျပ် 
တရုတ် ယွမ်   310 ကျပ်၊ 
တို့ ဖြစ်သည်။


ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
            
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး

အဖွင့်စျေး      1,868,000
နေ့လယ်ပိုင်း 1,869,000
အပိတ်ဈေး    1,871,000

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,763,500  ဝန်းကျင်ဖြစ်သည်။ 


ရွှေစျေးကွက်အတွင်း ပြန်လည်ရောင်းချမှု များနေပြီး ဝယ်ယူသူနည်းပါးနေ

ရွှေစျေးကွက်အတွင်း ပြန်လည်ရောင်းချမှု များနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“အခုက စျေးကွက်ထဲမှာ အရောင်းများ အဝယ်နည်းနေတဲ့သဘောပေါ့။ နယ်တွေကလည်း ဝင်တယ်။ ရွှေဆိုင်တွေက အထည်ပျက်တွေလည်း ဝင်တယ်။ တို့ဆီက ပိဿာချိန် ၅၀ လောက်ကို ဝယ်ပေးနေတယ်။ အရောင်းများ အဝယ်နည်းတဲ့သဘော ဖြစ်နေတာပေါ့” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ထို့ပြင် ရွှေစျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်စေရေးအတွက် အထူးအရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“မနေ့က ထုတ်တဲ့အဖွဲ့ (ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ) ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး အသင်းသူအသင်းသားတွေနဲ့ အစည်းအဝေးလုပ်တာပေါ့။ လုပ်တဲ့ကိုင်တဲ့အခါ အမှားအယွင်းမရှိအောင် သူတို့ ညွှန်ကြားထားတဲ့ ဥပဒေပုဒ်မတွေကို လိုက်နာပေးဖို့ပေါ့။  ရွှေ ၂၂ သိန်းအထိဖြစ်သွားတုန်းကလည်း ကုန်စည်စီးဆင်းမှုဗဟိုဌာနက အကူအညီပေးလို့ မန္တလေးတို့ မော်လမြိုင်တို့ကနေ ရွှေသယ်တဲ့အခြေအနေမှာ အခက်အခဲမရှိခဲ့ဘူး။ နိုက်ထရစ်အက်ဆစ် ပြတ်သွားတုန်းကလည်း သူတို့ ကူညီခဲ့တယ်။ အခုအဖွဲ့ ထပ်ပေါ်လာတော့ နည်းနည်းအဆင်ပြေလာတာပေါ့။ အဖွဲ့အစည်းတွေပေါ်လာတော့ အဖေခေါ်ရတာ နာမည်သိသွားတာပေါ့ကွာ။ နို့မို့ဆိုတို့က ဘာမှန်းမသိဘူး။ အရင်က ပြဿာနာဖြစ်ရင် အသင်းကပဲ ခေါင်းခံရှင်းပေးရတာပေါ့။ အခုကျတော့ အဲဒီအဖွဲ့တွေကို လွှဲပေးလိုက်တော့ အဆင်ပြေတာပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

news-eleven.com


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,812 ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ

.    WORLD GOLD PRICE .

 

 


 

Banking & Loan Read 7019 times