ဗီယက်နမ်တွင် ဒေါ်လာ အနည်းငယ် ဈေးထပ်တက်


26 October, 2022

ဗီယက်နမ်တွင် ဒေါ်လာ အနည်းငယ် ဈေးထပ်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

အင်္ဂါနေ့(အောက်တိုဘာ ၂၅)မနက်မှာ  ကူးသန်းရောင်းဝယ်ရေးဘဏ်တွေမှာ အမေရိကန် ဒေါ်လာနှင့် ဗီယက်နမ်ဒေါင် (VND)ငွေလဲနှုန်းမှာ ဒေါ်လာက ၀.၁၂%% တက်လာပါတယ်။


Vietcombank၊ VPBank နှင့် Techcombank များအားလုံးက VND 24,888 နှုန်းဖြင့် သတ်မှတ်ပါတယ်။ ယခုနှစ်အစပိုင်းနှင့် နှိုင်းယှဉ်ရင် ဒေါ်လာနှင့် လဲနှုန်းမှာ ဒေါင်က ၈.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။
Eximbank သည် တနင်္လာနေ့နှုန်းထားအတိုင်း VND 24,885 ဖြင့် မပြောင်းလဲဘဲ ထားရှိခဲ့ပါတယ်။
တရားဝင်မဟုတ်သော ငွေလဲတဲ့နေရာများတွင် တစ်ဒေါ်လာကို VND 25,120 ဖြင့် ရောင်းချပြီး တနင်္လာနေ့ ငွေလဲနှုန်းအတိုင်း ဖြစ်ပါတယ်။
 
ဗီယက်နမ် ဗဟိုဘဏ် Bank of Vietnam (SBV) ငွေလဲရည်ညွှန်းနှုန်းကို VND24,870 အဖြစ် မပြောင်းမလဲ ဆက်လက်သတ်မှတ်ထားပါတယ်။ ဘဏ်များက ရည်ညွှန်းနှုန်း ±၅% ဘောင်အတွင်း ဒေါ်လာကို ရောင်းဝယ်ကြရပါတယ်။
အင်္ဂါနေ့မှစတင်၍ ဗဟိုဘဏ်က မူဝါဒအတိုးနှုန်းကို ၁ ရာခိုင်နှုန်းမြှင့်တင်ပြီး ၆ ရာခိုင်နှုန်းလို့ သတ်မှတ်ပါတယ်။
ဒေါ်လာ မာနေခြင်းနှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုတို့က ပြည်တွင်း အတိုးနှုန်းနှင့် ငွေလဲနှုန်းတြိုအပေါ် ဖိအားကျရောက်နေကြောင်း ဗဟိုဘဏ်က ပြောကြားပါတယ်။
TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4USource vnexpress 

 

Banking & Loan Read 323 times