အထူးစီးပွားရေးဇုန်များ အမေရိကန်ဒေါ်လာမှ ကျပ်ငွေ မဖြစ်မနေ ပြောင်းရခြင်းမှ ကင်းလွတ်ခွင့်ရ


04 July, 2022

အထူးစီးပွားရေးဇုန်များ အမေရိကန်ဒေါ်လာမှ ကျပ်ငွေ မဖြစ်မနေ ပြောင်းရခြင်းမှ ကင်းလွတ်ခွင့်ရ

နိုင်ငံခြားသုံးငွေကို တစ်ရက်အတွင်း ကျပ်ငွေပြောင်းရမယ့်စာရင်းမှာ အထူးစီးပွားရေးဇုန်တွေအပါအဝင်  အချို့လုပ်ငန်းများကို ထပ်မံကင်းလွတ်ခွင့် ပေးထားလိုက်ပါတယ်။ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  ၂ဝ၂၂ နှစ်ဇွန်လ ၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ကို ဖော်ပြအပ်ပါသည်။ 


 မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ကိစ္စ

ရည်ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းချက်ပါစာဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အပိုဒ် (၃) အရ ကင်းလွတ်ခွင့်ပြုရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၂) နှင့် (၂၇/၂၀၂၂) တို့တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၂) နှင့် (၂၇/၂၀၂၂) တို့၏ ဆွေးနွေးဆုံးဖြတ်ချက်အရ အောက်ဖော်ပြပါကိစ္စရပ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) တွင် အကျုံးဝင်ပါဝင်ခြင်း မရှိကြောင်း အကြောင်းကြားပါသည် -

(က) Woori Bank Representative Office ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံခြားငွေစာရင်းရှိ နိုင်ငံခြားငွေများ၊

( ခ ) အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီများနှင့် ၎င်းအောက်ရှိကုမ္ပဏီများဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၊ 
ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းဖွံ့ဖြိုးတိုးတက်မူကုမ္ပဏီလီမိတက်၊ 
ကျောက်ဖြူ အထူး စီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်နှင့် 
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်
တို့၏ သက်ဆိုင်ရာနိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများ၊

( ဂ ) အိန္ဒိယနိုင်ငံပို့ကုန်သွင်းကုန်ဘဏ် ၊

(ဃ) China National Oil Corporation- CNUOC (Myanmar Branch) ၊

(c) Panjab National Bank Yangon Representative Office

 #MyanmarIndustryGuide 
Telegram Channel
https://t.me/Guid4U

 

MIG

Banking & Loan Read 3341 times