လော့ဂျစ္စတစ်က‌ဏ္ဍ ဝန်ဆောင်မှု လုပ်ငန်းများ ဒေါ်လာ ကိုင်ဆောင်ခွင့် ပမာဏ သတ်မှတ်ချက်များ အသိပေးကြေညာ


03 June, 2022

လော့ဂျစ္စတစ်က‌ဏ္ဍ ဝန်ဆောင်မှု လုပ်ငန်းများ ဒေါ်လာ ကိုင်ဆောင်ခွင့် ပမာဏ သတ်မှတ်ချက်များ အသိပေးကြေညာ

Logistics က‌ဏ္ဍ ဝန်ဆောင်မှု လုပ်ငန်းများ ဒေါ်လာ ကိုင်ဆောင်ခွင့် ပမာဏ သတ်မှတ်ချက်များ ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။



ရက်စွဲ ၊၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက် အကြောင်းအရာ။ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အား အသိပေး အကြောင်းကြားခြင်း
ရည် ညွှန်း ချက်။ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ၁.၆.၂၀၂၂ ရက်စွဲပါ စာအမှတ်၊ ၁၁ /၁၁ / ၁၆-က(၀၃၁၃/၂၀၂၂)
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် ၂၀/၂၀၂၂ တွင် ထောက်ပံ့ဖြည့် ဆည်းဆောင်ရွက်မှု (Logistics Services) ဝန်ဆောင်မှုဆောင်ရွက်နေသည့် အသင်းအဖွဲ့များအတွက် နိုင်ငံခြားသုံးငွေထားရှိခွင့်ပြုသည့်ပမာဏကို အောက်ပါအတိုင်း သတ်မှတ်ခွင့်ပြုကြောင်း ဆုံးဖြတ်ချက် အား ဖြန့်ဝေပေးပို့လာပါသည်
(က) မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအသင်း(MIFFA) ၏ အသင်းဝင်ကုမ္ပဏီတစ်ခုလျှင် လစဉ်အမေရိကန်ဒေါ်လာ ပျမ်းမျှ ၃၀၀,၀၀၀ ခန့်ကို နိုင်ငံခြားငွေစာရင်းတွင် ထားရှိခွင့်ပြုပြီး၊ အမေရိကန်ဒေါ်လာ ၃သိန်း ထက် ကျော်လွန် သည့် ပမာဏကို ကျပ်ငွေဖြင့် လဲလှယ်ရန်။

(ခ) မြန်မာ့ကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအသင်း၏ သင်္ဘော လိုင်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂,၀၀၀,၀၀၀ ငွေစာရင်းတွင် ထားရှိခွင့်ပြုပြီး၊ အမေရိကန်ဒေါ်လာ ၂,၀၀၀,၀၀၀ ထက်ကျော်လွန်သည့် ပမာဏအား ကျပ်ငွေဖြင့် လဲလှယ်ရန်။

(ဂ) နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် နိုင်ငံတကာလေကြောင်း လိုင်းများအား မြေပြင်ဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်းများ အတွက် လုပ်ငန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ငွေစာရင်းတွင် ထားရှိ ခွင့်ပြုပြီး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ထက်ကျော်လွန်သည့် ပမာဏကို ကျပ်ငွေဖြင့် လဲလှယ်ရန်။
၂။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် သိရှိဆောင်ရွက်နိုင်ပါရန် အကြောင်းကြားပါသည်။

Banking & Loan Read 611 times