ဒေါ်လာစျေး ဆက်တက်


16 August, 2021

ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့ဖြစ်ပေမယ့်ဒေါ်လာနဲ့ကျပ်အရောင်းအဝယ်စျေးကွက်မှာ တစ်ဒေါ်လာကို ၁၇၅၀ ကျပ်ဝန်းကျင် အထိစျေးပေါက်လာခဲ့တယ်လို့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ရက်က တစ်ဒေါ်လာကို ၁၇၀၀ ဝန်းကျင်ရောက်လာခဲ့ပြီး အခု ၁၇၅၀ အထိရောက်လာတာလည်း ဖြစ်ပါတယ်။

အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၄၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ၆ လ ကျော်အတွင်းမှာ တစ်ဒေါ်လာကို ၃၀၀ ကျပ် ပိုတက်လာတာလို့ စျေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။

ကိုဗစ်ရောဂါကုသရေး အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ဆေးဝါးလို ပြည်တွင်းကို တင်သွင်းရတဲ့ကုန်တွေ များတာ၊ နိုင်ငံခြားကို ပို့ကုန် မရှိသလောက်ဖြစ်တာ စတဲ့အကြောင်းတွေကလည်း ဒေါ်လာစျေး တက်လာတဲ့ အကြောင်းတွေထဲမှာ ပါဝင်တယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ရန်ကုန်ရွေစျေးကလည်း တစ်ကျပ်သားကို ၁၆ သိန်းကျော်ရောက်လာပြီး တော့ လာမယ့်ရက်တွေမှာ ဆက်ပြီးတက်လာမယ်လို့ခန့်မှန်းနေကြပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ကနေ့ သြဂုတ်လ ၂၀ ရက်နေ့အထိ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်တွင်းက ဘဏ်တွေကို ပိတ်ထားဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားခဲ့ပါတယ်။

ဘီဘီစီ
 

Banking & Loan Read 374 times