ပြည်တွင်း ငွေကြေးဈေးကွက်မှာ အခုလအတွင်း ကန်ဒေါ်လာတန်ဖိုး ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာပြီး လဆန်းပိုင်းက တစ်ဒေါ်လာကို ကျပ် ၁,၅၀၀ ခန့်ရှိရာမှ မတ်လ ၂၀ ရက်မှာ ကျပ် ၁,၅၃၀ ကိုမြင့်တက်လာပါတယ်။
သင်္ကြန်ပိတ်ရက်နီးလာတာကြောင့် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းလိုသူများပြီး ပြည်ပငွေလွှဲ ပေးပို့မှုများခြင်းကြောင့် ဒေါ်လာဈေးပြန်တက်လာခြင်းဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။
ပြည်တွင်း ငွေကြေးဈေးကွက်မှာ ကန်ဒေါ်လာတန်ဖိုးဟာ သွင်းကုန်ပမာဏ အနည်းအများနဲ့ လကုန်ရက်တွေမှာ တန်ဖိုးအတက်အကျဖြစ်လေ့ရှိတယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
ဒေါ်လာလဲနှုန်း တက်လာသလို ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းကလည်း မတ်လ ၁၉ ရက်မှာ တစ်ဒေါ်လာကို ၁,၅၄၂ ကျပ် သတ်မှတ်ခဲ့ပါတယ်။ ဒေါ်လာဈေးနဲ့အတူ အခေါက်ရွှေဈေးမှာလည်း တစ်ကျပ်သားကို ကျပ်ဆယ်သိန်းခြောက်သောင်းခြောက်ထောင် မြင့်တက်လာပါတယ်။
7day dail