ရင်းဂစ်-ဒေါ်လာ လဲနှုန်းတွင် ရင်းဂစ် ဆက်လက်အားပျော့


10 June, 2022

ရင်းဂစ်-ဒေါ်လာ လဲနှုန်းတွင် ရင်းဂစ် ဆက်လက်အားပျော့

၂၀၂၂ ဇွန်လ ၁၀ ရက် မလေးရှားရင်းဂစ်- အမေရိကန်ဒေါ်လာ လဲနှုန်းတွင် ရင်းဂစ် ဆက်လက်အားပျော့နေသည်။ မနက်အဖွင့်ဈေးသည် ၂၈ လတာအတွင်း အနိမ့်ဆုံးစံချိန်တင်သည်။

မလေးရှားစံတော်ချိန် နံနက် ၉ နာရီတွင် ကွာလာလမ်ပူဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းမှာ  4.3975/4010 ဖြစ်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ အပိတ်ဈေးမှာ 4.3420/3940 ဖြစ်သည်။

အမေရိကန်‌ဒေါ်လာ တောင့်တင်းလာနေခြင်းကြောင့် ငွေလဲနှုန်းတွင် ရင်းဂစ် ဈေးကျသည်ဟု ငွေကြေးကျွမ်းကျင်သူတို့က မှတ်ချက်ပြုကြသည်။
 

 

Banking & Loan Read 2292 times