ပြည်ပပို့ကုန်နည်းသော်လည်း ဒေါ်လာတန်ဖိုးတက်လာ


22 June, 2018

ပြည်ပပို့ကုန်နည်းသည့် မိုးရာသီဖြစ်သော်လည်း ငွေကြေး ဈေးကွက်တွင် ဒေါ်လာအဝယ်များ၍ ရက် ၂၀ အတွင်း ကန်ဒေါ်လာတန်ဖိုး တစ်ဒေါ်လာ ၂၃ ကျပ်ခန့် ဈေးတက်လာသည်။

ဇွန်လ ၁ ရက်တွင် တစ်ဒေါ် လာ ၁,၃၄၄ ကျပ်ခန့် ရှိသော် လည်း ဇွန်လ ၂၀ ရက်တွင် တစ် ဒေါ်လာ ၁,၃၆၇ ကျပ်သို့ တက်လာသည်။ ပို့ကုန်နည်းချိန်တွင် ဒေါ် လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းပါမြင့်တက်နိုင်သဖြင့် အခြေအနေစောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

‘‘ဘာကြောင့် ဒီလိုရုတ်တ ရက်တက်လာသလဲဆိုတာကို စိစစ်သုံးသပ်နေပါတယ်’’ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပမှ သကြားတင်သွင်းပြီး တရုတ်နိုင်ငံ သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့ခြင်းကို ပြန်လည်ခွင့်ပြုပေးခြင်း၊ နေပြည်တော်တွင် ကျောက်မျက်ရတနာပြပွဲစတင် ကျင်းပခြင်းက ဒေါ်လာတန်ဖိုးကို မြင့်တက်စေသည့် အချက်များဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပြောသည်။

နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ သကြားကိုတစ် ဆင့် ပြန်ရောင်းချရန် အိန္ဒိယ၊ ဘရာဇီးစသော နိုင်ငံများမှ သကြားဝယ်ရန် ဒေါ်လာလွှဲပို့ပေးခြင်းနှင့် နေပြည်တော်တွင် ဇွန်လ ၂၀ ရက်က စတင်ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲ၌ အာမခံတင်ရန် ငွေလွှဲမှုများကြောင့် ပြည်တွင်းတွင် ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်း ဖြစ်ကြောင်း ပြည်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

သို့သော် နိုင်ငံတကာ ငွေ ကြေးဈေးကွက်တွင် ဒေါ်လာတန် ဖိုးတည်ငြိမ်နေပြီး ကမ္ဘာ့ရွှေဈေး လည်း ပုံမှန်ဈေးနှုန်းသာ ရှိနေ သည်။

ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၂၀ ရက်၌ တစ်အောင်စလျှင် ၁,၂၇၄ ဒေါ်လာခန့် ဈေးရှိနေသည်။ ပြည်တွင်းရွှေဈေးလည်း တစ်ကျပ်သားလျှင် ကျပ် ၉၃၄,၀၀၀ ဈေးရှိနေသည်။

 7 days new

Export, Import Read 554 times