ပြည်တွင်းငွေလဲဈေးကွက်မှာ ယခုရက်သတ္တပတ်အတွင်း ဈေးနှုန်းတည်ငြိမ်နေခဲ့တယ်လို့ ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ သိရှိရပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို ယခင်ရက်သတ္တပတ်က အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၂၁ ကျပ် သတ်မှတ်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် ၁၅၂၃ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်း ငွေကြေးအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြည်တွင်းဈေးကွက်အတွင်း ယခုရက်သတ္တပတ်မှာ အမေရိကန်ဒေါ်လာကို ဝယ်လိုအားနည်းနေသလို ရောင်းလိုအားလည်း နည်းနေကြောင်း၊ ဒါ့ကြောင့် အရောင်းအဝယ်နည်းခဲ့ပြီး ဈေးငြိမ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
ယခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ရင်းနှီးမြှုပ်နံှမှုမှာ ကန်ဒေါ်လာနှစ်ဘီလျံကျော်အထိ ရောက်ရှိလာသည့်အပြင် ယခုရက်သတ္တပတ်အတွင်း စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြုလုပ်ကာ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်နိုင်ရန် ပြင်ဆင်လာခြင်းတို့မှာ အမေရိကန်ဒေါ်လာဈေးနှုန်းအပေါ်သက်ရောက်မှုရှိခဲ့ကြောင်း ဆိုပါတယ်။
ပြည်တွင်းငွေလဲနှုန်းဈေးကွက်တွင် ဧပြီ ၂၉ ရက်က အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၅၁၇ကျပ်၊ ဝယ်ဈေး ၁၅၁၃ ကျပ်မှ မေ ၁ ရက်တွင် အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၅၁၈ကျပ်၊ ဝယ်ဈေး ၁၅၁၄ ကျပ်သို့ ရောက်ရှိခဲ့ပေမယ့်လည်း ရက်သတ္တပတ်ကုန်ဆုံးချိန်အထိ အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၅၁၇ ကျပ်၊ ဝယ်ဈေး ၁၅၁၃ ကျပ်သာရှိခဲ့တယ်လို့ သိရပါတယ်။
Ministry of Commerce