“ငွေကျပ်လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ” ဒေါက်တာဦးမြင့်


05 August, 2018

အစိုးရများက နိုင်ငံ့စီး ပွားရေးကို အမွှမ်းတင်ပြောလေ့ရှိ ပြီး ပြောရင်းတကယ်ယုံကြည် သွားမည်ဆိုပါက ဒုက္ခရောက် တတ်ပြီးထိုသို့မဖြစ်စေလိုကြောင်းဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေတိုးတက်နေသည်၊ မ ဆိုးပါဘူးဟု ပြောဆိုမှုများနှင့် ပတ်သက်၍ အစိုးရအဆက်ဆက် က ပကတိအခြေအနေမှန်ထက် အမွှမ်းတင်ပြောလေ့ရှိသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်ပြုလုပ်သော ‘ငွေကျပ်လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ’ ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၌ ဒေါက်တာ ဦးမြင့်ကပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၏ တစ် ဦးချင်းဝင်ငွေသည် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း တိုးတက်ကြောင်း ဆိုသော်လည်း စင်ကာပူနိုင်ငံ၏ လက်ရှိတစ်ဦးချင်းဝင်ငွေကို မီရန် နှစ်ပေါင်း ၃၀ ခန့်စောင့်ရမည်ဟု ၎င်းကဆိုသည်။

‘‘အဲဒါကြောင့် ကျွန်တော် ပြောချင်တာသိပ်ပြီးလည်း အမွှမ်း တင်မနေပါနဲ့။ နည်းနည်းပါးပါး လေးစဉ်းစားပြီးပြောပါလို့ ပြော ချင်ပါ တယ်’’ ဟု ဒေါက်တာဦးမြင့် က ပြောသည်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ် စသည်တို့က မြန်မာ့ရဲ့စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်နေသည်၊စီးပွားရေးတက်နေသည် ဟု ပြောကြားနေကြတယ်။ “အဲ့ဒီလို ပြောကြားတာတွေကို အစိုးရတာဝန်ရှိသူတွေက ကိုးကားပြီး မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းမြန်နေတယ်၊စီးပွားရေးတက်နေတယ်လို့ ထုတ်ဖော်ပြောကြားတာတွေလုပ်နေပါတယ်”

“ဘယ်အစိုးရမဆို ကိုယ့်ကိုကိုယ် အမွှန်းတင်ကြတယ် ဆိုတဲ့ စကားကို ၂ကြိမ်ထက်မနည်း ထည့်ပြောပြီး၊တိုင်းပြည်မှာဒုက္ခရောက်နေတာတွေအများကြီးပဲ”

ဟု ၎င်းက ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံသည် အာရှဒေ သတွင် စီးပွားရေးတိုးတက်မှု နှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိနေပြီး ပြုပြင်ပြောင်းလဲမှု များခိုင်မာစေရန် ဆက်လက် ဆောင်ရွက်နေကြောင်း ဇူလိုင် ၂၀ ရက်က ထိုင်းနိုင်ငံဘန် ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ် ၌ ပြုလုပ်သော Myanmar Insight 2018 ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မ ရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်း ကပြောခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ စစ်အစိုးရလက်ထက် စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန် ကြီးဌာန ဝန်ကြီးက ၂၀၀၁ မေလ ၁၄ ရက်တွင် တတိယအကြိမ် မြောက်ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအစည်းအ ဝေး၌ မိန့်ခွန်းပြောကြားမှုကို ဥပမာပေးသည်။

ထိုအချိန်က ဝန်ကြီးပြော သည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု (ဂျီဒီပီ) ၁၃ ဒသမ ၆ ရာခိုင်နှုန်းရှိနေပြီးငွေ ကြေးဖောင်းပွမှု သုညအောက် လျော့ကျနေသည့် ကိန်းဂ ဏန်းကိုဖော်ပြခဲ့ကြောင်း ဦးမြင့် ၏စာတမ်းတွင် ဖော်ပြထားသည်။

ထိုအချိန်က စီးပွားရေးတိုး တက်သည်ဆိုသည့် အကြောင်း ရင်းနှင့် ပတ်သက်၍ ဝန်ကြီး၏ ပြောကြားချက်များတွင် ဗဟို ချုပ်ကိုင်မှုစနစ်လျှော့ချခြင်း၊ နယ်စပ် ကုန်သွယ်ရေး တရားဝင်ခွင့် ပြုခြင်း၊ ကုန်သွယ်ရေးဖြေလျှော့ ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုခြင်းစသည့် အချက်ကိုးချက် ကို ချပြခဲ့ကြောင်း ဒေါက်တာဦး မြင့်ကပြောသည်။

ထိုသို့ပြောကြားသည့် အ ပြင်လက်ရှိပြည်တွင်းငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်ပြီး ကျပ်ငွေတန်ဖိုးစံချိန် တင်ကျဆင်းနေမှုနှင့် ပတ်သက်၍ ဗဟိုဘဏ်၏ ရပ်တည်ဆောင် ရွက်မှုကို ဒေါက်တာဦးမြင့်ကေ၀ ဖန်သည်။‘‘ဗဟိုဘဏ်ကဘာမှမည် မည်ရရလုပ်တာမတွေ့သေးဘူး’’ ဟု ၎င်းက မှတ်ချက်ပြုသည်။ ပြည်သူများက ဗဟိုဘဏ်အ တွက် အဆောက်အအုံကြီးများ ဆောက်လုပ်ပေးပြီး လခများ၊ မော်တော်ယာဉ်များ ပေးထား သော်လည်း လက်ရှိတွင် လက် ခံပွဲများသာ ဆောင်ရွက်နေခြင်း ကို စိတ်မကောင်းကြောင်း ဒေါက်တာဦးမြင့်ကဆိုသည်။

လက်ရှိအချိန်မှာ မြန်မာငွေကျပ်လတန်ဖိုး ကျနေပြီး၊ငွေလဲနှုန်းများ တက်နေကြောင်း ၊ ငွေလဲနှုန်းမတည်ငြိမ်တာတွေကို လအလိုက် နှစ်အလိုက် နှိုင်းယှဉ် ပြသွားတာတွေ လုပ်ခဲ့ပြီး မနေ့ကပင် ပြင်ပတွင် တစ်ဒေါ်လာ အရောင်း ၁၄၆၂ကျပ်၊ အဝယ် ၁၄၅၆ ကျပ် ဖြစ်နေကြောင်း၊သို့သော်လည်း ဗဟိုဘဏ်က ထုတ်ပြန်မှုမှာတော့ ၁၄၃၁ကျပ်လို့ သာဖော်ပြထားကြောင်း ဦးမြင့်က ဆိုသည်။

လက်ရှိဗဟိုဘဏ် ဥက္ကဌ အသစ်ကို ဘာကြောင့် ခန့်တာလဲ၊ဘယ်လို အရည်အချင်းမျိုး ရှိလို့လဲ၊ ဗဟိုဘဏ်ဥက္ကဌ ဒီအခြေအနေမှာ ဘာလုပ်နေလဲ ဒါကို သူမသိတာကြောင့် ဘယ်လို အရည်အချင်းမျိုးရှိသလဲ၊ ဘာလုပ်နေသလဲဆိုတာ ကို တာဝန်ရှိသူတွေက ထုတ်ပြဖို့လိုတယ် ဟု ၎င်းက ဆိုသည်။

“မဟုတ်က ဟုတ်ကတွေ ဖြစ်မှာစိုးလို့ တင်ပြရတာဖြစ်ပါတယ်၊အစိုးရ လုပ်ချင်လုပ်မလုပ်ချင်နေ၊တင်ပြရမှာက ကျွန်တော်တို့အလုပ်ပါ” ဟု

ဒေါက်တာ ဦးမြင့်(ဘောဂဗေဒပညာရှင်) က ပြောသည်။

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုးအ တက်အကျများခြင်းက စိုးရိမ်ရ သည့် အခြေအနေရှိနေကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ၁၉၉၇ - ၉၈ အာရှဘဏ္ဍာရေးအကျပ် အတည်းကြောင့် နိုင်ငံသုံးငွေ ပြဿနာများ ဖြစ်ခဲ့ပြီး ဘဏ္ဍာရေး ပြဿနာ၊ လူမှုဖွံ့ဖြိုးရေးပြဿနာ မှနိုင်ငံရေးနှင့်လုံခြုံရေးပြဿနာ များဖြစ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ကို ဥပမာပေးပြောကြားသည်။

ပြည်တွင်းငွေကြေးဈေး ကွက်တည်ငြိမ်ရေးကိုဦးဆောင် နိုင်ရန် ငွေကြေးမူဝါဒ ချမှတ် အကောင်အထည်ဖော်နေရသည့် ဗဟိုဘဏ်ကို နိုင်ငံတကာမှပညာ ရှင်များခန့်အပ်တာဝန်ပေးပြီး ခိုင် မာသည့် မူဝါဒများချမှတ်ဆောင် ရွက်ရန် ၎င်းကအကြံပြုသည်။

“ငွေကျပ်လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ” ခေါင်းစဉ်ဖြင့်

ယနေ့ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့တဲ့ ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်ရဲ့ ရှင်းလင်းတင်ပြချက် စာတမ်းကို အောက်ပါ Link တွင် Download ရယူနိုင်ပါတယ်။

PDF Download:

“The recent kyat exchange rate situation: What is the issue?” by U Myint

 

Local News Read 919 times