နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ခြင်းအတွက်  ဒူဘိုင်းကို ဂျပန်နိုင်ငံ အတုယူသင့်သလား


20 July, 2023

နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ခြင်းအတွက်  ဒူဘိုင်းကို ဂျပန်နိုင်ငံ အတုယူသင့်သလား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဒူဘိုင်းက နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ခြင်းကို ကိုင်တွယ်ပုံတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ဒွန်တွဲနေပါသည်။ 

ဂျပန်နိုင်ငံသည် နိုင်ငံခြားသား လူဦးရေ ပိုများလာနေသည်။ 

ဂျပန်နိုင်ငံ၏ စာတိုက်များကို လုပ်ကိုင်သည့် အဓိကလုပ်ငန်းစုဖြစ်သည့် Japan Post Holdings ၏အမှုဆောင်အရာရှိချုပ် Hiroya Masuda က  အချို့သောမြို့များနှင့် မြို့ကြီးများသည် နိုင်ငံခြားသား လူဦးရေ ၄၀-၅၀% အထိ ရှိနေမည့် အနာဂတ်အတွက် ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း  ဇွန်လ ၂၁ ရက်တွင် ဂျပန်သတင်းအေဂျင်စီ Nikkei နှင့် အင်တာဗျူးမှာ သတိပေးစကား ပြောကြားခဲ့သည်။


 လွတ်လပ်သောမူဝါဒအဖွဲ့ Reiwa Rincho ပူးတွဲခေါင်းဆောင်ဖြစ်သည့် Masuda က အဖွဲ့ကိုယ်စား ပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး၊ လူမှုဖူလုံရေးနှင့် အခွန်ကောက်ခံမှုဆိုင်ရာ မူဝါဒများကို နိုင်ငံခြားသား နေထိုင်သူများ ရှိနေသည့်အချက်ကို ထည့်စဉ်းစားပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဂျပန်အစိုးရအား တောင်းဆိုခဲ့သည်။

National Institute of Population and Social Security Research IPSS မှ ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာမှာ ၂၀၇၀ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ လူဦးရေ စုစုပေါင်း ၈၇ သန်း ရှိမည် ဖြစ်ပြီး ဂျပန်လူမျိုး လူဦးရေသည် ၇၇ သန်းမျှသာ ရှိမည်ဟု ကောက်ချက်ချထားသည်။


IPSS အစီရင်ခံစာက လာမည့်နှစ်များတွင် မွေးဖွားနှုန်း ဆက်လက်ကျဆင်းနေမည်။ ဂျပန်သို့ ရွှေ့ပြောင်းနေထိုင်သူ ဆက်လက်တိုးများနေမည်။ သို့ဖြစ်ရာ စုစုပေါင်း လူဦးရေ သိသိသာသာ မလျော့ကျသော်လည်း ဂျပန်လူမျိုး လူဦးရေ လျော့ကျလာပြီး နိုင်ငံခြားသား လူဦးရေ ပိုများလာမည်။ လက်ရှိတွင် ပြည်ပတွင် မွေးဖွားသူ လူဦးရေသည် စုစုပေါင်း လူဦးရေ၏ ၂.၂% ရှိရာမှ ၁၀% ကျော်သည်အထိ များလာမည်ဟု IPSS က ခန့်မှန်းထားသည်။

နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ခြင်းအတွက်  နိုင်ငံခြားသား လူဦးရေ အချိုးအစားများသည့် မြို့ကြီး ဒူဘိုင်းကို ဂျပန်နိုင်ငံ အတုယူသင့်သလား

အာရပ်စော်ဘွားများ ပြည်ထောင်စု United Arab Emirates UAE ၏ အကြီးဆုံးမြို့ ဒူဘိုင်း၏  မြို့နေလူဦးရေ ၃.၃ သန်းတွင် ၉၂% သည် နိုင်ငံခြားသားများ ဖြစ်ပါသည်။ 

 ဒူဘိုင်းသည် ဇာတိချက်မြှုပ်ဒေသခံများနှင့် နိုင်ငံခြားသားများအကြား ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိဘဲ အရှေ့အလယ်ပိုင်းဒေသတွင် အဓိကစီးပွားရေး အချက်အချာ ဖြစ်လာသည်။

 ဒူဘိုင်းသည် သက်တမ်းနှစ်ရှည်ကြာ "ရွှေဗီဇာ" များဖြင့် တတ်ကျွမ်းမှု မြင့်မားသူများ၊ ကြွယ်ဝမှု မြင့်မားသူများကို ဆွဲဆောင်ထားသည်။ လွတ်လပ်ကုန်သွယ်ရေး ဇုန်များ ထူထောင်ပေးထားသည်။ လုပ်ငန်းများကို နိုင်ငံခြားသား ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့် ပေးထားသည်။ နိုင်ငံခြားသား လူတော်များ လာရောက်နေထိုင် လုပ်ကိုင်အောင် ဖန်တီးပေးထားသည်။ ၎င်းတို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခဲ့သည်။

ဂျပန်လူဦးရေသည် နိုင်ငံခြားသားကို နေရာ မပေးလိုကြချေ။ စစ်တမ်းကောက်ယူရာတွင် ဂျပန်လူဦးရေ၏ သုံးပုံနှစ်ပုံကျော်သည် ဂျပန်နိုင်ငံတွင် အလုပ်ခန့်ထားရာ၌ ဂျပန်လူမျိုးများကို ဦးစားပေးသင့်သည်ဟု ယူဆကြသည်။

ဒူဘိုင်းတွင် ဒေသခံတို့ မကျေမနပ် မဖြစ်ကြစေရန် ဒေသခံတို့ကို မျက်နှာသာပေးသော ခွဲခြားဆက်ဆံမှုမူဝါဒများကို စနစ်တကျအသုံးပြုသည်။
နိုင်ငံသားများသည် ပညာရေး အခမဲ့၊ ဈေးသက်သာသည့် မြေ၊ အစိုးရအလုပ်တွင် မြင့်မားသောလစာ အစရှိသည်တို့ကို ရရှိသည်။

စီးပွားရေးလုပ်ကိုင်ရန်၊ အလုပ်ခန့်ထားရန် စသည်တို့တွင် နိုင်ငံခြားသားများကို နေရာယူခွင့် ပေးထားသော်လည်း အမြဲတမ်းနေထိုင်ခွင့် မရနိုင်ပေ။ နိုင်ငံသား ခံယူခွင့် မရနိုင်ပေ။ သို့ဖြစ်ရာ နိုင်ငံခြားသားများသည် စီးပွားရေးအတွက် တန်ဖိုး တစုံတရာ မရှိတော့လျှင် ယူအေအီးမှ ထွက်ခွာကြရသည်။ 

ဒေသခံနိုင်ငံသားများ၏ အမြင်တွင် သူတို့၏ လူနေမှုအဆင့်အတန်း မြင့်မားစေရန်အတွက်  နိုင်ငံခြားသားများကို အစိုးရက အလုပ်လာလုပ်အောင် စီစဉ်ပေးထားသည်ဟု ရှုမြင်သည်။ နိုင်ငံခြားသားများကို ရွှေ့ပြောင်းလုပ်သားများ အဖြစ် ရှုမြင်သည်။ နိုင်ငံသားများ ရနေသည့် ခံစားခွင့်များကို နိုင်ငံခြားသားများ မည်သည့်အခါမှ မရနိုင်ဟု စိတ်ချထားကြသည်။

ဒူဘိုင်းမှ နိုင်ငံခြားသား အလုပ်သမားများကို အလုပ်ရှင်တို့က ခေါင်းပုံဖြတ်သည်။ ဆိုးဝါးသော လုပ်ငန်းခွင်တွင် လုပ်ကိုင်ရသည်။ နေထိုင်ရသည့် နေရာများမှာလည်း ဆိုးဝါးသည်။ အလုပ်သမားများ မနစ်နာအောင် အကာအကွယ် ပေးခြင်း မရှိချေ။ 

ဂျပန်နိုင်ငံသည် ၎င်း၏ဥပဒေများတွင် နိုင်ငံခြားသားများအပေါ် မမျှတသောဆက်ဆံမှုကို  ပြဋ္ဌာန်းရန်မှာ လူ့ကျင့်ဝတ်အရ အခက်အခဲရှိသည်။ မဖြစ်နိုင်ချေ။ 

ဂျပန်နိုင်ငံ၏ စီးပွားရေးကို ဂျပန်တို့ကသာ စီမံသည်။ နိုင်ငံခြားသား အားမကိုးချေ။
ဒူဘိုင်းသည် နိုင်ငံခြားသားများ မောင်းနှင်သော စီးပွားရေးကို အစီအစဉ် ချထားသည်။နိုင်ငံခြားသား လူတော်များ ဉီးဆောင်သည်ကို လက်ခံသည်။ နိုင်ငံခြားသား ကြွယ်ဝသူများ၏ ငွေကြေးဖြင့် လုပ်ကိုင်သည်ကိုလည်း ခွင့်ပြုထားသည်။

သို့ဖြစ်ရာ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ခြင်းအတွက်  ဒူဘိုင်းကို ဂျပန်နိုင်ငံ အတုယူဖို့ မဖြစ်နိုင်ပေ။


Source Asia one

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 308 times