ချီလီမှ ကမ္ဘာ့အဝတ်အစား အမှိုက်ပုံ


11 November, 2021

ချီလီနိုင်ငံသည် အဝတ်အစားအဟောင်းနှင့် မရောင်းရသော အဝတ်အစားများ စွန့်ပစ်ရာ အချက်အချာနေရာ ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ချုပ်လုပ်သည့် အဝတ်အစားများသည် ဥရောပ၊ အမေရိကနှင့် အာရှ ဈေးကွက်များထဲသို့ စီးဝင်သည်။ 
ထိ့နောက် ချီလီနိုင်ငံသို့ ရောက်ရှိလာကြသည်။ ချီလီမှတစ်ဆင့် လက်တင်အမေရိကနိုင်ငံများတွင် ပြန်လည်ရောင်းချသည်။

အဝတ်အစား ကုန်သည်တို့က ဝယ်ယူကြပြီး  လက်တင်အမေရိက နိုင်ငံများသို့ မှောင်ခိုလမ်းကြောင်းများဖြင့် တင်ပို့သည်။

မိသားစု ဝတ်ဆင်ရန်နှင့် အိမ်နီးနားချင်းများကို ပြန်ရောင်းရန် အဝတ်အစားများ တစ်နိုင်တစ်ပိုင် လာကောက်သူဦးရေ သုံးသိန်းဝန်းကျင်ရှိပြီး အခြားနိုင်ငံမှ နယ်ခြားဖြတ်ကျော်ပြီး လာကောက်သူများလည်း ရှိသည်။

 

ရောင်းမကုန်အောင် များပြားလွန်းနေသော အဝတ်အစားများ အနည်းဆုံးတန်ချိန် ၃၉,၀၀၀ သည် အစုလိုက် အပုံလိုက် အမှိုက်အဖြစ် စွန့်ပစ်ထားသည်။

ချီလီနိုင်ငံ မြောက်ပိုင်းရှိ ပင်လယ်ဆိပ်ကမ်းသို့ တစ်နှစ်လျှင် အဝတ်အစား တန်ချိန် ၅၉,၀၀၀ ဝန်းကျင် ရောက်ရှိသည်။

Global News Read 348 times