လေးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေများ


21 August, 2018

ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော် တည်ရှိရာနေရာဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင်လည်း လူစိတ်ဝင်စားမှု အမြင့်ဆုံးနေရာများဖြစ်ပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဇူလိုင်လအထိ ပြည်ပရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၂၉၂) သန်း ရှိပါသည်။ ဘဏ္ဍာရေးနှစ်အလိုက်အရဆိုလျှင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၂၁၁၃) သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၃၈၃၃) သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၃၁၇၈) သန်း ရင်းနှီးမြှုပ်နှံထားကြသည်ကို တွေ့ရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု အမာျးဆုံးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး လေးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ (၂၉၃၇) သန်းအထိ ရင်းနှီးမြှုပ်နှံထားကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍမှာ အများဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာမှုနှင့် ဒေတာအရွှေ့အပြောင်းမြန်ဆန်လာမှုနှင့်အတူ ဆက်သွယ်ရေးအတွက် အများပြည်သူ ကုန်ကျစရိတ်အတွက် ရွေးချယ်စရာ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။

ဒုတိယ ရင်းနှီးမြှုပ်နှံမှုအများဆုံးက အိမ်ခြံမြေကဏ္ဍဖြစ်ပြီး လေးနှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ (၂၃၄၅) သန်းအထိ ရင်နှီးမြှုပ်နှံထားပါသည်။ အိမ်ခြံမြေဥပဒေသစ်အရ နိုင်ငံခြားသားပိုင်ဆိုင်ခွင့် အခြေအနေ၊ ထူထပ်လာသော ရန်ကုန်လူနေမှု အခြေအနေများ နှစ်စဉ်တိုးမြင့်လာသည်ကို တွေ့ရပြီး ဆက်လက်၍ အရှိန်အဟုန်တိုးနေမည့်အခြေအနေဖြစ်ကြောင်းသိရပါသည်။

ကုန်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှု အမာျးအပြားပြုလုပ်ထားသည်ကိုတွေ့ရသဖြင့် ရန်ကုန်စီးပွားရေးအခြေအနေများကို ဖော်ပြရာတွင် အိမ်ခြံမြေ၊ ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများက ဦးဆောင်ပေးနေသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများ

******************

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံထားကြသည့်ကဏ္ဍများတွင် အိမ်ခြံမြေကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍဖြစ်ပြီး ဒုတိယအများဆုံးမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍဖြစ်၍ တတိယအများဆုံးမှာ ဆက်သွယ်ရေးကဏ္ဍဖြစ်ကြောင်းသိရပါသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံထားကြသည့်ကဏ္ဍများတွင် ဆက်သွယ်ရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်ပြီး ဒုတိယအများဆုံးမှာ အိမ်ခြံမြေကဏ္ဍဖြစ်၍ တတိယအများဆုံးမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍဖြစ်ကြောင်းသိရပါသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံထားကြသည့်ကဏ္ဍများတွင် ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်ပြီး ဒုတိယအများဆုံးမှာ အိမ်ခြံမြေကဏ္ဍဖြစ်၍ တတိယအများဆုံးမှာ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းဖြစ်ကြောင်းသိရပါသည်။

ထို့အတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် သြဂုတ်လအထိ ရင်းနှီးမြှုပ်နှံထားကြသည့် ကဏ္ဍများတွင် ဆက်သွယ်ရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍဖြစ်ပြီး ဒုတိယအများဆုံးမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍဖြစ်၍ တတိယအများဆုံးမှာ အခြားသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြောင်းသိရပါသည်။

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

*****************

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းမြို့နယ်တွင် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံကြပြီး ဒုတိယအများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်၍ တတိယအများဆုံးမှာ ရန်ကင်းမြို့နယ်ဖြစ်ကြောင်းသိရပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်မြို့နယ်တွင် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံကြပြီး ဒုတိယအများဆုံးမှာ လမ်းမတော်မြို့နယ်ဖြစ်၍ တတိယအများဆုံးမှာ ပန်းပဲတန်းမြို့နယ်ဖြစ်ကြောင်းသိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းမြို့နယ်တွင် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံကြပြီး ဒုတိယအများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်၍ တတိယအများဆုံးမှာ ဒဂုံမြို့နယ်ဖြစ်ကြောင်းသိရပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း သြဂုတ်လအထိ လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်တိုင်းဒေသကြီးရှိ ပုဇွန်တောင်မြို့နယ်တွင် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံကြပြီး ဒုတိယအများဆုံးမှာ မရမ်းကုန်းမြို့နယ်ဖြစ်၍ တတိယအများဆုံးမှာ မှော်ဘီမြို့နယ်ဖြစ်ကြောင်းသိရပါသည်။

ရင်းနှီးမြှုပ်နှံမှုအများဆုံးရှိသည့် ထိပ်တန်းမြို့နယ် (၁၀) ခု

*********************

ဘဏ္ဍာရေးနှစ် လေးနှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုအမာျးဆုံးကို လှိုင်မြို့နယ်မှရရှိပြီး ဒုတိယအများဆုံးကို မရမ်းကုန်းမြို့နယ်မှရရှိ၍ တတိယအများဆုံကို လှိုင်သာယာမြို့နယ်မှ ရရှိကြောင်းသိရပါသည်။

Source: banda post

Investment/Divestment Read 517 times