လျှပ်စစ်ဘတ်စ်ကားများ မြန်မာပြည်တွင် တပ်ဆင်၍ ပြည်ပ တင်ပို့ရောင်းချမည်


04 October, 2018

ဟန်ဂေရီနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ပြည်တွင်း၌ လျှပ်စစ်ကားများ တပ်ဆင်၍ ပြည်ပသို့ ရောင်းချရန် စီစဉ်နေသည်။လက်ရှိတွင် အဆိုပါကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် အသေးစိတ်ကို ဆွေးနွေးနေပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြရဦးမည်ဟု ၎င်းက ပြောသည်။

လျှပ်စစ်ကားများကို ၄၅ ယောက်စီး ဘတ်စ်ကားကြီးများ ထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ ကားအစိတ်အပိုင်းများကို ယင်းနိုင်ငံမှ တင်သွင်းတပ်ဆင်သွားမည် ဖြစ်ကာ ဝယ်ယူရန် အမှာစာ ပေးပို့ထားသည့် အိန္ဒိယ၊ သီရိလင်္ကာစသည့် နိုင်ငံများသို့ ပြန်လည်ရောင်းချမည်ဟု ၎င်းက ဆိုသည်။

“ပြည်တွင်းမှာ ဘော်ဒီလောက်ပဲ လုပ်ပြီး ကျန်တဲ့ဟာတွေကို ပြည်ပက တင်သွင်းလာပြီးတော့ ဒီမှာတပ်ဆင်မှာပေါ့။ ပြည်တွင်းမှာတော့ ရောင်းဖို့ အစီအစဉ် မရှိသေးပါဘူး။ ပြည်တွင်းမှာ ဝယ်လိုအားရှိတယ်ဆို ရင်တောင်မှ ကျွန်တော်တို့က အခြေခံ အဆောက်အဦတွေ လုပ်ရဦးမှာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်းစက်ရုံများတွင် လာရောက် တပ်ဆင်မည့် အဆင့်သာ ရှိသေးပြီး နောက်ပိုင်းတွင် အစိတ်အပိုင်းအချို့ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နည်းပညာနှင့် အလုပ်အကိုင်များ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက သာဂရစက်မှုနယ်မြေရှိ စက်ရုံများတွင် လျှပ်စစ် ဘတ်စ်ကားများ ထုတ်လုပ်ရန် စီစဉ်နေသည်ဟုလည်း စက်တင်ဘာ ၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။

ပြည်တွင်း၌ အသုံးပြုရန်အတွက် အသင့်မဖြစ်သေးဟု ဝန်ကြီးဌာနက ဆိုသော်လည်း တရုတ်နိုင်ငံမှ Yuedi နည်းပညာ ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီဖြစ်သော KHAIN GKHAING SANGDA MOTORCAR FACTORY တို့ ပူးပေါင်းကာ ငါးယောက်စီး အိမ်စီးလျှပ်စစ်ကား အစီးရေ ၂,ဝဝဝ ကို ယခုလအတွင်း စတင်ထုတ်လုပ်သွားမည်ဟု သတင်းစာ ရှင်းလင်းထားသည်။

အဆိုပါကုမ္ပဏီများက လျှပ်စစ်ကားများကို KSD-V1 နှင့် KSD-V2 ဟူ၍ နှစ်မျိုး ထုတ်လုပ်မည်ဖြစ်ပြီး ကျပ်သိန်း ၁၄၀ နှင့် ကျပ် ၉၁ သိန်းနှုန်းဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကာ ငါးနှစ်အာမခံပေးမည်ဟု ဆိုထားသည်။

KSD-V1 အမျိုးအစားသည် တစ်နာရီလျှင် ကီလိုမီတာ ၈၀ သွားနိုင်မည်။

KSD-V2 အမျိုးအစားသည် တစ်နာရီလျှင် ကီလိုမီတာ ၅၀ သွားနိုင်မည်။

 

Export, Import Read 517 times