လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပထမဆုံးများ


23 September, 2018

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှစ်ခု ချပေးခဲ့သည်။

ခွင့်ပြုမိန့်တစ်ခုမှာ ၂၀၁၈ခုနှစ်ဧပြီလမှစက်တင်ဘာလ(၇)ရက်အတွင်း လျှပ်စစ်ကဏ္ဍနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပထမဆုံး အကြိမ်ဝင်ရောက်ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်အတွက် ပထမဆုံးလျှပ်စစ် ကဏ္ဍနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလည်း ခွင့်ပြုမိန့် ချပေးခဲ့သည်။

မင်းဘူးမြို့အနီးတွင် လက်ရှိလုပ်ကိုင်နေသော ထိုင်းကုမ္ပဏီက နေစွမ်းအင် ဓာတ်အားစီမံကိန်းအတွက် အရင်းအနှီးတိုးမြှင့်ရန် ရှယ်ယာများ ထုတ်ဝေရောင်းချလျက်ရှိသည်။

နိုင်ငံခြားကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု

***

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်တွင် ကန်ဒေါ်လာ၉၂သန်းကျော်ရှိ Gas တာဘိုင်မှ လျှပ်စစ်ထုတ်လုပ်ပြီး ပြန်လည် ရောင်းချမည့် လုပ်ငန်းအတွက် တရုတ်-မြန်မာဖက်စပ်ရင်းနှီးမြုပ်နှံဖြစ်သည့်PowerGenKyaukse Company ကိုအတည်ပြုခဲ့ ခြင်းဖြစ်ပြီးမဂ္ဂါဝပ် ၁၅၀ ခန့်ထွက်ရှိမည့် လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်းအဆိုပါဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်း အောင်ကျော်ကပြောသည်။

“နိုင်ငံခြားသားကုမ္ပဏီဆိုပေမယ့် ထည့်ဝင်ထားမှုမှာ နိုင်ငံသားဘက်ကများပါတယ်၊ မြန်မာဘက်က ၉၁ရာခိုင်နှုန်း၊ တရုတ်ဘက်က၉ရာခိုင်နှုန်းပဲရှိတယ်။ထွက်လာတဲ့လျှပ်စစ်ကိုလာမယ့် ၂၀၁၉နွေရာသီအမှီရောင်း ချမှာလို့ အဆိုပြုလွှာမှာဖော်ပြထားတယ်”ဟုDICA မှညွှန်ကြားရေးမှူးဦးလင်းထွဋ်ကပြောသည်။

နိုင်ငံသား ရင်းနှီမြှုပ်နှံမှု

***

၂၀၁၈ခုနှစ်ဧပြီလမှစက်တင်ဘာလ(၇)ရက်အတွင်း လျှပ်စစ်ကဏ္ဍနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပထမဆုံး အကြိမ်ဝင်ရောက်ခြင်းဖြစ်ပြီး အထက်ပါအစည်းအဝေးတွင်လက်ရှိဘဏ္ဍာနှစ်အတွက် ပထမဆုံးလျှပ်စစ် ကဏ္ဍနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလည်းခွင့်ပြုပေးနိုင်ခဲ့ကြောင်းသိရသည်။အဆိုပါခွင့်ပြုလိုက်သည့် နိုင်ငံသားပိုင်ကုမ္ပဏီမှာမြိတ်ခရိုင်အတွင်းကျပ်သန်းပေါင်း၉၀၀၀ကျော ်ရင်းနှီးမြှုပ်နှံမှုဖြင့် ၁၀မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည့်မင်းဇာနည်ကုမ္ပဏီဖြစ်ကြောင်း DICA မှ သိရသည်။

၂၀၁၈ခုနှစ်ဧပြီလမှစက်တင်ဘာ(၆)ရက်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၇၅) ခုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ၈၈၉သန်းကျော်ထိရှိခဲ့ကာ ရင်းနှီးမြုပ်နှံတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းကန်ဒေါ်လာ ၁၄၃၀သန်းကျော်ထိရှိကြောင်းDICA ၏စာရင်းများအရသိရသည်။

အကြီးမားဆုံး နေစွမ်းအင်စခန်း

***

သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရေး၊ ဖိသိပ်သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များ လုပ်ကိုင်လျက်ရှိသည့် Scan Inter Plc သည် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၎င်းလုပ်ကိုင်နေသည့် နေစွမ်းအင် ဓာတ်အားစက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ရှယ်ယာများ ထုတ်ဝေရောင်းချလျက်ရှိသည်။ အစုရှယ်ယာတစ်စုလျှင် ဘတ်ငွေ ၄ ဒဿမ ၅၀ ဖြင့် ရောင်းချခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၉၇ ဒဿမ ၆၄ သန်း ဖြစ်သည်။

၎င်း၏ ရှယ်ယာများကို Green Earth Power (GEP) Thailand သို့ လွှဲပြောင်း ထည့်ဝင်သွားမည်ဖြစ်သည်။ Green Earth Power (GEP) Thailand သည် မင်းဘူးမြို့အနီးတွင် နေစွမ်းအင် ဓာတ်အားထုတ်လုပ်မှုကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဓာတ်အားစီမံကိန်းမှာ ၂၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံး နေစွမ်းအင် ဓာတ်အားစက်ရုံ ဖြစ်သည်။ စီမံကိန်းတန်ဖိုးမှာ ဘတ် ၁၀ ဘီလျံ ဖြစ်သည်။ ဤစီမံကိန်းသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ နှစ် ၃၀ ဓာတ်အားဝယ်ယူရန် သဘောတူညီချက် ရရှိထားသည်။

GEP Thailand သည် ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဤစီမံကိန်းကို လုပ်ကိုင်နေသည့် GEP Myanmar ကို အပြည့်အ၀ ပိုင်ဆိုင်သည်။

မြေပြင်အခြေချ photovoltaic power station အမျိုးအစားဖြစ်သည်။ လိုအပ်သည့် ဆိုလာပြားများကို China Triumph International Engineering Co.,Ltd.(CTIEC) မှ Jetion Solar ထုတ်လုပ်ပေးသည်။

Myanmar Business Today, Bangkok Post

Investment/Divestment Read 725 times