ဘဏ္ဍာနှစ်အလိုက် ITC ကတ်ဖြင့် အမှန်တင်ပို့/တင်သွင်းမှု အခြေအနေ


06 February, 2019

စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အစမှာတင် ITC ( Individual Trading Card ) ကတ်ပါင်း ၁၆၈ ကတ် ထုတ်ပေးခဲ့ပြီး ကျပ် ၄၀ ဘီလီယံကျော် ကုန်သွယ်မှု ပြုနိုင်ခဲ့ပါတယ်။

ပြည်ပသို့တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ ကျပ် ၉၀ ဘီလီယံကျော် ဖြစ်ပြီး မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် သွင်းကုန်တန်ဖိုးမှာ ကျပ် ၃၂ ဘီလီယံကျော် ဖြစ်ပါတယ်။ ဒီပမာဏဟာ ဇန်နဝါရီတစ်လထဲပဲ ရှိပါသေးတယ်ဒါကြောင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ဟာ အခြားနှစ်တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပို့ကုန်တန်ဖိုးရော၊ သွင်းကုန်တန်ဖိုးရော၊ ကုန်သွယ်မှုပမာဏ ပိုမိုများပြား လာနိုင်တဲ့ အလားအလာကောင်းရှိနေပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ၈ နှစ်တာကာလအတွင်းမှာ ITC ကတ်ပေါင်း ၁၆၀၀ ထုတ်ပေးခဲ့နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏတော့ စုစုပေါင်း ကျပ် ၁၂၉၀ ဘီလီယံကျော် ဖြစ်ပါတယ်။

ဒီ ၈ နှစ်အတွင်းမှာဆိုရင် ပို့ကုန်တန်ဖိုးက စုစုပေါင်း ကျပ် ၂၁ ဘီလီယံကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုးက စုစုပေါင်း ကျပ် ၁၀၇ ဘီလီယံကျော် ဖြစ်ပါတယ်။

ဘဏ္ဍာနှစ်အလိုက် ITC ကတ်ထုတ်ပေးမှုနှင့် ITC ကတ်ဖြင့် အမှန်တင်ပို့/ တင်သွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်တွင် ကြည့်ရှုနိုင်ပါတယ်။

Ministry of Commerce

 

 

Export, Import Read 446 times