လာမည့်၃နှစ်အတွင်း ကမ္ဘာ့ဘဏ်မှ သတ်မှတ်သော စီးပွားရေးလုပ်ဆောင်ရလွယ်ကူသည့် အဆင့်သတ်မှတ်ချက် လျှော့နည်းရန် မြန်မာအစိုးရကြိုးစားမည်
လာမည့်သုံးနှစ်အတွင်း ကမ္ဘာ့ဘဏ်မှ သတ်မှတ်သော မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ဆောင်ရလွယ်ကူသည့် အဆင့်သတ်မှတ်ချက် ၁၀၀အောက်ရောက်ရန် ကြိုးစားနေကြောင်း ဒုတိယသမ္မတမှ ပြောကြားကြောင်းသိရပါသည်။
မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေးကို ကမ္ဘာ့ဘဏ်နှင့် ပူပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ဘဏ်မှသတ်မှတ်ထားသော အဆင့်သတ်မှတ်ချက်မှာ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော ပုဂ္ဂလိက ကဏ္ဍများမှ လုပ်ဆောင်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် သတ်မှတ်တိုင်းတာခြင်းဖြစ်ပါသည်။
သုံးနှစ်အတွင်း ၁၀၀အောက်ရောက်ရန်ကြိုးစားနေပြီး တက်ညီလက်ညီလုပ်ဆောင်ပါက အောင်မြင်နိုင်ကြောင်း ဒုတိယသမ္မတမှ ပြောကြားပါသည်။
ပြည်တွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း ကမ္ဘာ့ဘဏ်မှထုတ်ပြန်ထားသည့် Doing Business အစီရင်ခံစာပါ အဆင့်သတ်မှတ်ချက်ကိုကြည့်၍ လာရောက်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံသည် အဆိုပါအဆင့်သတ်မှတ်ချက်၌ ၂၀၁၄ခုနှစ်မှ စတင်ကာပါဝင်ခဲ့ပြီး ယင်းအချိန်တွင် နိုင်ငံပေါင်း ၁၈၉နိုင်ငံ၌ မြန်မာနိုင်ငံသည် အဆင့် ၁၈၂နိုင်ငံဆင့်တွင်ရှိကြောင်း သိရပါသည်။
၂၀၁၇ခုနှစ်အတွက် ထုတ်ပြန်လိုက်သည့် အဆင့်သတ်မှတ်ချက်၌ နိုင်ငံပေါင်း ၁၉၀တွင် မြန်မာနိုင်ငံသည် အဆင့်၁၇၀အထိ ရောက်ရှိခဲ့ပြီး လာမည့်၂၀၁၈ခုနှစ်အတွက် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအသစ်တွင် အဆင့်၁၇၁သို့
ကျဆင်းမည်ဖြစ်ကြောင်း သိရပါသည်။
အညွှန်းကိန်းများ တိုးတက်လာရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားရေးမှူးချုပ်များ ကိုယ်တိုင်ဦးစီးပြီး ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လည်း ညွှန်ကြားထားကြောင်းသိရပါသည်။
Source:pyi myanmar journal