မြန်မာ့စီးပွားရေးဘဏ်မှ စီးပွားရေးကဏ္ဍ အသီးသီးအတွက် ငွေကျပ် ဘီလျံ ၇၀၀ ထုတ်ချေးမည်


05 February, 2021

မြန်မာ့စီးပွားရေးဘဏ်မ ပြည်တွင်းရှိ စီးပွားရေးကဏ္ဍအသီးသီးအတွက် ငွေကျပ် ဘီလျံ ရ၀၀ ကို ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှဒီဇင်ဘာလ ၁၅ ရက်တွင် ပြောကြားပါသည်။

နိုင်ငံတော်မှ လုပ်နိုင်ကိုင်နိုင်စွမ်းအနေနှင့် လယ်ယာကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ SME ၊ နိုင်ငံ၏ စီးပွားရေးကို အစပျိုးနိုင်မည့် ဦးဆောင်ကဏ္ဍဟု ပြောနိုင်မည့် ဆောက်လုပ်ရေးကဏ္ဍများကို မည်သို့ငွေချေးမည်ကို စဉ်းစားပြီး မြန်မာ့စီးပွားရေးဘဏ်က ထုတ်လုပ်ရသမျှ ထုတ်ပြီး ငွေချေးရန်လျာထားပါသည်။

ရရှိသော ငွေကျပ် ဘီလျံ ရ၀၀ ကို သက်ဆိုင်ရာအသင်းချုပ်များ၊ အစိုးရအဖွဲ့အစည်းများနှင့် သေသေချာချာလုပ်ဆောင်ပြီး လာမည့်ရက်ပိုင်းတွင် ချေးငွေနှင့် ပတ်သက်ပြီး အတိအလင်းကြေညာမည်ဖြစ်ကြောင်း သိရပါသည်။

ထုတ်ချေးမည့် ဘီလျံ ရ၀၀ တွင် လယ်ယာကဏ္ဍအတွက် ငွေကျပ် ဘီလျံ ၃၀၀၊ SME ကဏ္ဍအတွက် ငွေကျပ်ဘီလျံ ၁၀၀ နှင့်အခြားကဏ္ဍအတွက် ငွေကျပ် ဘီလျံ ၃၀၀လျာထားကြောင်း သိရပါသည်။

လက်ရှိထုတ်ချေးပေးနိုင်သည့် ငွေသည် နိုင်ငံတော်၌ရှိသည့် ဘဏ္ဍာငွေ အကန့်အသတ်ဖြင့် ထုတ်ချေးရခြင်းကြောင့် ကဏ္ဍအားလုံးကို လွှမ်းခြုံနို်င်စွမ်းနည်းပါးမည်ဖြစ်သည့်အတွက်ချေးငွေမူဝါဒကို သေချာစဉ်းစားပြီး နိုင်ငံထုထောင်ရန်အတွက် စွမ်းရည်ရှိနေသည့် တောင်သူလယ်သမားများကို ပထမဦးစွာ ထူထောင်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ တိုးတက်မှုကိုများစွာအထောက်အကူပြုပေးနိုင်မည်ဟု ယုံကြည်ခြင်းကြောင့် လယ်ယာကဏ္ဍကို ဦးစားပေးထားကြောင်းသိရပါသည်။

Source:pyi myanmar

Banking & Loan Read 4507 times