ထိုင်းနိုင်ငံမှ အစိုးရမှ လုပ်ကိုင်သော Electricity Generating Authority of Thailand (Egat) က လာအိုနိုင်ငံရှိ ရေအားလျှပ်စစစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများထံမှ နောက်ထပ် ၁,၂၀၀ မဂ္ဂဝပ်ကို တင်သွင်းရန် စီစဉ်လျက် ရှိသည်။ ထို့အတွက် ရေရှည်ကန်ထရိုက်စာချုပ်ဖြင့် ဝယ်ယူမည် ဖြစ်သည်။
ယခင်က လာအို စွမ်းအင်နှင့် သတ္တုတွင်း ဝန်ကြီးဌာန Ministry of Energy and Mines (MEM) နှင့် ဓာတ်အား စုစုပေါင်း ၉,၀၀၀ မဂ္ဂဝပ် ဝယ်ယူရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးပြီ ဖြစ်သည်။
Egat မှ လက်ရှိဖြန့်ဖြူးပေးနေသည့် ဓာတ်အားပမာဏမှာ ၁၀,၂၀၀ မဂ္ဂဝပ် ရှိကြောင်း Egat မှ လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောသည်။
s current power supply stands at 10,200MW, said Jiraporn Sirikum, deputy governor of Egat.
ပေါင်းစု ဓာတ်အားပမာဏ ၅,၄၂၀ မဂ္ဂဝပ် ရှိသော ဓာတ်အာပမာဏကို လာအိုနိုင်ငံတွင် Eight ၏ ဓာတ်အားစက်ရုံများက ထုတ်လုပ်ပေးလျက် ရှိပြီး Egat ၏ ဓာတ်အားလိုင်းထဲသို့ တင်ပို့ပေးရန် ကတိကဝတ် ရရှိထားပြီးပြီ ဖြစ်သည်။
အဆိုပါ ဓာတ်အားစက်ရုံများတွင် ခုနစ်ခုတို့သည် ဓာတ်အား ၃,၉၄၇ မဂ္ဂဝပ် ထုတ်လုပ်နိုင်စွမ်း ရှိပြီး ၎င်းတို့အားလုံးသည် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံများ ဖြစ်ကြသည်။ ကျန်သည့် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများသည် ကျောက်မီးသွေးဖြင့် မီးထိုးပြီး ထုတ်လုပ်သော ဓာတ်အားစက်ရုံများ ဖြစ်သည်။
လာအိုနိုင်ငံသည် Nam Theun 1 ရေအားလျှပ်စစ် စက်ရုံကို တည်ဆောက်လျက် ရှိသည်။ ဓာတ်အားပမာဏ ၅၁၄ မဂ္ဂဝပ် ထုတ်လုပ်မည့် ဓာတ်အားစက်ရုံဖြစ်ပြီး လာမည့်နှစ်တွင် စတင်လည်ပတ်ရန် လျာထားသည်။
၂၀၁၈ ခုနှစ် တိုင်းပြည်ဓာတ်အားဖွံ့ဖြိုးရေး အစီအစဉ် (ပထမမူ)တွင် ထိုင်းနိုင်ငံသည် လျှပ်စစ်ဓာတ်အားကို အိမ်နီးနားချင်းနိုင်ငံများမှ တင်သွင်းရန် လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသော်လည်း မည်သည့် နိုင်ငံများမှ ဓာတ်အားတင်သွင်းမည်ကို လည်းကောင်း၊ လုပ်ဆောင်သွားမည့် ဓာတ်အားစက်ရုံများကို လည်းကောင်း ဖော်ပြထားခြင်း မရှိချေ။
စွမ်းအင် အမြဲတမ်းအတွင်းဝန် Kulit Sombatsiri က ပြောကြားသည်မှာ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထံမှလည်း ရေအားလျှပ်စစ် တင်သွင်းရန် စီစဉ်လျက် ရှိသည်။ သို့သော် ပြင်းထန်သည့် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် အစီအစဉ် နှောင့်နှေးလျက် ရှိသည်။
ပတ်ဝန်းကျင် ထိခိုက်မှု ကင်းသော ဓာတ်အားအရင်းအမြစ်များထံမှ လျှပ်စစ်ဓာတ်အားများ ပိုမိုရယူခြင်းသည် ရေနံလောင်စာဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားအပေါ် တည်မှီနေရခြင်းကို လျှော့ချသွားမည့် အစိုးရ အစီအစဉ်နှင့် တစ်ထပ်တည်း ကျသည်။
လာအိုနိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အားစက်ရုံ အသစ် ၁၀ ခု တည်ဆောက်ရန် အဆိုပြုချက် ရရှိထားသည်ကို Egat က ဆွေးနွေးညှိနှိုင်းလျက် ရှိသည်။ လာအိုအစိုးရနှင့် Egat တို့သည် အဆီလျော်ဆုံးဖြစ်မည့် စီမံကိန်းအချို့တို့ကို အဆုံးအဖြတ်ပြုကြမည် ဖြစ်သည်။ ထို့ပြင် Egat ၏ ဓာတ်အားလိုင်းစနစ်ကိုလည်း အဆင့်မြှင့်တင်မည် ဖြစ်သည်။
ရေအားလျှပ်စစ် စီမံကိန်းတစ်ခု ပြီးစီးရန် ခြောက်နှစ်ကျော် ကြာမြင့်သည်။ သို့ဖြစ်ရာ စီမံကိန်းအသစ်များ အကောင်အထည်ဖော်ရာတွင် ဓာတ်အားများ ပိုလျှံနေခြင်း မဖြစ်ရအောင် အစိုးရအနေဖြင့် ဂရုတစိုက်ဖြင့် လုပ်ကိုင်ရန် လိုအပ်သည်။ အခြားတစ်ဖက်တွင် လျှပ်စစ်စွမ်းအား လိုအပ်ချက်သည် ဆက်လက်ကြီးမားလာနေသော်လည်း ရေရှည်တွင် ဓာတ်အားထုတ်လုပ်မှုများ အလွန်အကျွံ ဖြစ်မနေသင့်ဟု သုတေသနဌာနမှူး Ms Jiraporn က ပြောကြားသည်။
Source: bangkokpost.com