မွန်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အားခွဲစက်ရုံတည်ဆောက်ရန်အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေမှ ငွေကျပ်သန်း ၂၀၀၀ ကျော်အသုံပြုရန် လျာထားကြောင်း မွန်ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ဦးစားပေးအနေဖြင့် ပေါင်မြို့နယ်တွင် ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံမှ အုန်းတစ်ပင်ကျေးရွာသို့ ၃၃ ကေဗွီလိုင်းတစ်လိုင်း၊ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေခွဲရုံတစ်ရုံနှင့် ပေါင်ဓာတ်အားခွဲရုံတွင် ၃၃ ကေဗွီ Out going Switch Bay နှစ်စုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့တွင်လည်း ၃၃/၁၁ ကေဗွီ ၂ အမ်ဗွီအေကို ၅ အမ်ဗွီအေသို့ အင်အားတိုးမြှင့်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ပြောခဲ့ပါသည်။
မွန်ပြည်နယ်အတွင်း မြို့နယ် ၉ ခုတွင် လျှပ်စစ်ဓာတ်အားလိုင်းစနစ်ရရှိနေပြီး ရေးမြို့နယ် ခေါဇာနှင့် လမိုင်းမြို့တို့တွင် ဒီဇယ်ဓာတ်အားပေးစနစ်၊ ဆိုလာမီးစနစ်ဖြင့်သာ မီးရရှိနေကြောင်း မွန်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၏ စာရင်းများအရ သိရပါသည်။
မွန်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁၅၅ ရွာတွင် လျှပ်စစ်ဓာတ်အားရရှိသည့်ကျေးရွာ ၅၅၈ ရွာ၊ ဒီဇယ်ဓာတ်အားပေးစနစ်၊ ဆိုလာမီးစနစ်ဖြင့် မီးရရှိနေသည့်ကျေးရွာ ၃၀၆ ရွာရှိပြီး မီးရရှိရန်အတွက် ၂၉၁ ရွာ ကျန်ရှိနေသေးကြောင်း သိရပါသည်။
Myawaddy