မီတာခ မှားယွင်းစွာဖြင့် ဘတ် ၁၁ သန်းကျော် တောင်းခံခဲ့သည့်အတွက် လျှပ်စစ်ဌာနမှ တောင်းပန်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ Provincial Electricity Authority (PEA) သည် Surat Thani မှ Koh Samui ခရိုင်ရှိ ဟိုတယ်ငယ်ပိုင်ရှင် Apassanant Pattharapisithorn အား လျှပ်စစ်ဓာတ်အား အသုံးပြုမှုကို မှားယွင်းစွာ တွက်ချက်ကာ ယခင်လအတွက် မီတာခ ဘတ်ငွေ ၁၁ သန်းကျော် ပေးဆောင်ရန် မီတာစာရွက် တစ်စောင်ပေးပို့ခဲ့ခြင်းအတွက် တနင်္လာနေ့(ဇူလိုင် ၃၁)တွင် တောင်းပန်ခဲ့သည်။
PEA မှ ဆက်သွယ်ရေးရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Thanaphan Tiasuwan က ၎င်းမီတာစာရွက်အကြောင်းအရာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့သွားပြီးနောက် လျှပ်စစ်ဌာနသည် Apassanant Pattharapisithorn နှင့် မီတာခ တွက်ချက်မှုတွင် မှားယွင်းကြောင်း ပြောပြအသိပေးခဲ့ကြောင်း ပြောကြားသည်။
Ms Apassanant သည် သူမ၏ အခန်း ရှစ်ခန်းပါ ဟိုတယ်အတွက် ဇူလိုင်လ မီတာစာရွက် ဓာတ်ပုံကို တင်ပြခဲ့သည်။
မီတာစာရွက်တွင် ဟိုတယ်သည် ဇူလိုင်လတွင် လျှပ်စစ်ဓာတ်အား 5,099,939.87 ယူနစ် သုံးစွဲခဲ့သည်ဟု ဖော်ပြထားသည်။ သို့ဖြစ်ရာ ဘတ် ၁၁ သန်းကျော်(11,780,004.62 )ပေးဆောင်ရန် တောင်းခံထားသည်။
သူမ၏ ဟိုတယ်သည် ပုံမှန်အားဖြင့် ဘတ် ၃၀၀၀၀ မှ ၅၀၀၀၀ ကြားသာ လစဉ် ပေးဆောင်ရကြောင်း၊ သို့ဖြစ်ရာ သူမက Koh Samui PEA ၏ call centre သို့ ချက်ချင်း ဖုန်းဆက်ခဲ့ကြောင်း၊ ဖုန်းက ဖုန်းဖြေကြားသည့်စက်ဖြင့် ချိတ်ထားကြောင်း၊ ဖုန်းဖြေကြားသည့်စက်က အားလပ်ရက်ရှည် ဖြစ်နေသဖြင့် ရုံးပြန်ဖွင့်မည့် ကြာသပတေးနေ့ကျမှ ဖုန်းပြန်ဆက်ရန် ပြောကြားသည်ဟု Ms Apassanant က ပြောသည်။
“call center က ဩဂုတ် ၃ ရက်ကျမှ ဖုန်းပြန်ဆက်ခိုင်းတယ်။ ကျွန်မ ရက်အကြာကြီး မစောင့်နိုင်တော့ဘူး။ ပူလောင်နေပြီ" ဟု Ms Apassanant က ပြောသည်။
သူမက စိုးရိမ်ပူပန်ခြင်းနှင့်အတူ မကျေနပ်သဖြင့် ကြာသပတေးနေ့အထိ မစောင့်နိုင်ဘဲ Facebook တွင် တင်ပြခဲ့သည်။
သူမ တင်ပြလိုက်သည့် ပို့စ် ပျံ့နှံ့သွားခဲ့ပြီး PEA က တောင်းပန်သည်။
ဝန်ထမ်းက ကိန်းဂဏန်းများ ရိုက်ထည့်ရာတွင် အကွက်မှားပြီး ရိုက်ထည့်မိခဲ့ကြောင်း၊ သို့ဖြစ်ရာ အဆမတန် များပြားသွားစေခဲ့ကြောင်း ပြောကြားသည်။
Koh Samui PEA က ဇူလိုင်လအတွက် မီတာခမှာ ဘတ် ၄ သောင်းကျော် (46,878.20) ဖြစ်ကြောင်း Ms Apassanant ကို အသိပေး ပြောကြားသည်။
Source bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U